အဖေ့အေးရိပ်
- Myanmar
- စာသား / Lyrics
- Key C
Verse 1
ကြင်နာစွာ ချော့သိပ်ခြင်းတွေ မပြုအားလည်း
လိုအင်တွေကို ဖြည့်စွမ်းပေးကာရယ်
ကြုံလာမယ့် လူ့လောကကြီးထဲ လမ်းမမှားရန်
အဖေဟာ တည့်မတ်ပေးတယ်
Verse 1
ချိုသာတဲ့ စကားလုံးလေးတွေ သီကုံးကာ
တခါတခါမှာ မပြောဖြစ်ခဲ့ပေမယ့်
မြင်နေတဲ့ မျက်ဝန်းများထဲက စကားလုံးတွေ
ဒီရင်ထဲ ခံစားချက် နားလည်
Chorus 2
ဖေဖေ ကျေးဇူးပဲအဖေ
ပြောလိုက်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလေ
အဖေ ကျေးဇူးကြောင့်သာ ယခုဘဝ အရွယ်ထိ
ရောက်ခဲ့ပြီလေ
(ဖေဖေ တကယ်ကျေးဇူးတင်လိုမဆုံးဘူးလေ)
Verse 3
ခိုင်မာတဲ့ တောင်တန်းရဲ့အထက်မှာ ပွင့်လန်းတဲ့
ရောင်စုံဝေဆာ ပန်းလေးများလိုပဲ
ခိုင်မာတဲ့ အဖေ့ရဲ့နွေးထွေးမှုအောက်မှာ
ရှင်သန်နေထိုင် ကြီးပြင်းခဲ့ပြီ
Verse 4
ရာသီတွေ ပြောင်းလဲသွားကာ အိုမင်းလည်း
အချိန်ရှိတိုင်း ဒီသားသမီးအတွက်ဆိုရင်
အနွံတာခံ ချစ်ခြင်းနဲ့ အဖေ့ရဲ့အေးရိပ်ဟာ
နောင်လာမယ့် နှစ်ပေါင်းများ အထိတိုင်
Chorus 5
ဖေဖေ ကျေးဇူးပဲအဖေ
ပြောလိုက်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလေ
အဖေ ကျေးဇူးကြောင့်သာ ယခုဘဝ အရွယ်ထိ
ရောက်ခဲ့ပြီလေ
(ဖေဖေ တကယ်ကျေးဇူးတင်လိုမဆုံးဘူးလေ)
Outro 6
ဖေဖေ ကျေးဇူးပဲအဖေ
ပြောလိုက်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလေ
အဖေ ကျေးဇူးကြောင့်သာ ယခုဘဝ အရွယ်ထိ
ရောက်ခဲ့ပြီလေ
More Myanmar songs
- ကိုယ်တော်ရယ်ကောင်းမြတ်တယ်chords
- ဆာလံ ၂၃chords
- အထက်ကိုတက်သောမျက်ရည်chords
- ဧမာနွေလchords
- ငါသည်ဘုရားchords
- ရှူသွင်းတဲ့အသက်လေထက်chords
- အမှုသစ်ပြုပေးပြီchords
- တောင်ထိပ်၌လည်းchords
- 229. လက်ချည်းဖြစ်လျက် သေသွားရလောကျူး
- ၈၂။ သံတော်ကျွန်ုပ်ကြားရပြန်ကျူး
- ချစ်ခြင်းရဲ့သက်သေ
- မျှော်လင့်ရာ
- ၂၆၁။ ကိုယ်တော်ထံသို့ပို့ဆောင်ကျူး
- ၂၁၆။ ကျွန်ုပ်မြော်လင့်ခြင်းမြစ်တည်ရာကျူး
- မြစ်တစ်မြစ်ရှိသေးတယ်
- 360. နိုင်ငံတော်တည်ခြင်းကျူး
- 147. တံခါးခေါက်ခြင်းကျူး
- 395. ရွှေမျက်နှာတော်ဖူးမြင်ကျူး
- 319. လက်တော်နှင့်တို့ခြင်းကျူး
- 175. နောင်တရကျူး
- ကိုယ်တော်ကျေးဇူး
- ခရစ်စမတ် အဓိပ္ပါယ်
- 317. ဝိညာဉ်ဘုရား ခွန်အားသစ်ပေးတော်မူပါ
- ဖြောင့်မတ်စေသောသူ(The Righteous One)