1. Songs

360. နိုင်ငံတော်တည်ခြင်းကျူး

Myanmar Hymn

Verse 1

နေလ ချိန်မှန်ပြေးသော ခရီး၊ ယေရှုသည် စိုးစံတော်မူမည်၊

မြေကြီးအစွန်းတိုင်အောင် ဧကန်၊ နိုင်ငံတော်မြတ် အစဉ်ကျယ်ဝန်း။

Verse 1

ကျေးဇူးတော်ကို ချီးမွမ်း အသံအစဉ်အဆက် ကြားရလတံ့၊

နာမတော်ကို အစမှီပြု၍ နံနက်တိုင်း ဆုတောင်းရချိမ့်လေ။

Verse 2

ဘာသာစကား အမျိုးမျိုးသည် မေတ္တာတော်ကို ချီးမွမ်းကြ၏၊

သူငယ်များလည်း ဂုဏ်ကျေးဇူးတော်အသံချိုနှင့် အေးကျူးကြွေးကြော်။

Verse 3

ယေရှုအုပ်စိုး အရပ်တကာ၊ ကောင်းကျိုးကြွယ်ဝ တိုးပွားများပြား၊

ဆင်းရဲပင်ပန်းသူတို့အားလုံး ချမ်းသာ ကြမည်၊ ကမ္ဘာမဆုံး။

Verse 4

ရောဂါပျောက်စေ တန်ခိုးတော်ဖြင့် သေခြင်း အ မင်္ဂလာပယ်ရှင်း၊

အာဒံ၏သား မျိုးမျိုးသည် အကျွတ်တရားကို ရနိုင်၏။

Verse 5

ငါတို့ဘုရင်ဘုန်းတော် ထောက်၍ လူသတ္တဝါ ချီးမြှောက်ပါစေ၊

ထက်ကောင်းကင်သား အပေါင်း ကျူးရင့် အောက်မြေကြီးပဲ့တင်သံ

အာမင်။ (အာမင်)

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs