1. Songs

၂၁၁။ ဘုရားကျွန်ုပ်အလင်းကျူး

Myanmar SDA Hymnal

Verse 1

ဘုရားငါ့အလင်း၊ ဘယ်ကြောင့်ကြောက်အံ့နည်း၊

နေ့ညဉ့်အစဉ်ကိုယ်တော်မျက်မှောက်အနီး၊

အပြစ်ဒုက္ခမှကျွန်ုပ်ကိုကယ်မူသည်၊

ဝိညာဉ်တော်သည်ထိုကောင်းချီးသဘောသွင်းသည်။

Chorus 1

(ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊

နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂

Verse 2

ဘုရားငါ့အလင်း၊ မိုးတိမ်တက်သော်လည်း၊

ယုံကြည်အားကြီးခြင်းဖြင့်ထက်ရပ်မျှော်ကြည့်၊

ထိုဘုန်းကြီးရပ်တွင်ယေရှုအစဉ်စိုးစံ၊

ထိုကြောင့်ကျွန်ုပ်မှောင်မိုက်နှင့်အစဉ်ကင်းမှန်။

Chorus 3

(ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊

နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂

Verse 4

ဘုရားငါ့အလင်း၊ ကျွန်ုပ်အားဗလ၊

တန်ခိုးတော်အားဖြင့်ကျွန်ုပ်မှန်အောင်ရ၊

ကျွန်ုပ်အားနည်းခြင်းကိုခွန်အားနှင့်ဖုံးအံ့၊

နာရီတိုင်းကျွန်ုပ်ကိုစောင့်တော်မူလတ္တံ့။

Chorus 5

(ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊

နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂

Verse 6

ဘုရားငါ့အလင်း၊ ကျွန်ုပ်ပြည့်စုံခြင်း၊

အထံတော်မြတ်တွင်မှောင်မိုက်အစဉ်ကင်း၊

ကျွန်ုပ်ရွေးနုတ်ဘုရင်ကယ်တင်ရှင်ဖြစ်သည်၊

သန့်ရှင်းတမန်နှင့်ကိုယ်တော်ကိုချီးမွမ်းမည်။

Chorus 7

(ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊

နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs