1. Songs

62. ထာဝရဘုရားသည် အစဉ်ခိုလှုံရာ ဖြစ်တော်မူကြောင်း

Myanmar Hymn

Verse 1

ကိုယ်တော်သည် ကာလအစဉ်အဆက် ကျွန်ုပ်တို့ ခိုလှုံရာ

လေပြင်းကျသော် ကွယ်ကာမူလျက် နေတော်မူ၏ ဘုရား။

Verse 1

ပလ္လင်တော်၏ အရိပ်အောက်တွင် လုံခြုံစွာ နေရပြီ၊

လက်ရုံးတော်ကို ဆန့်တော်မူလျှင် ဘေးကင်း၍ နေလိမ့်မည်။

Verse 2

မြေကြီး လွတ်လပ်လဟာြဖစ်၍ တောင်များမပေါ်မီခင်း

ကိုယ်တော် နိစ္စဓူဝ တည်ပေလော၊ ကုတ္တရာဘုရင်။

Verse 3

အချင်းလူသား အမျိုးမျိုးတို့ မြေကြီးသို့ ပြန်ရောက်၍၊

မြေမှုန့်ဖြစ်လျက် ကြေမွစေလော့ ကိုယ်တော် မိန့်တော်မူပေ။

Verse 4

အနှစ်တစ်ထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့ ဖြစ်၏

ညဉ့်ယံတယံ ကဲ့သို့ ကိုယ်တော် မျက်မှောက်မူလေသတည်း။

Verse 5

လွန်ခဲ့ကာလ ကိုယ်တော်မြတ်သည် ကျွန်ုပ်တို့ ခိုလှုံရာ၊

နောင်လာလတံ့ကာလ ထိုနည်း စောင့်မတော်မူ ဘုရား။ (အာမင်)

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs