1. Songs

၂၅။ ထက်ဘုံတော်မှကောင်းကင်သားများကျူး

Myanmar SDA Hymnal

Verse 1

ထက်ဘုံတော်မှကောင်းကင်သားများ၊

မြေကြီးပေါ်သို့ဆင်းလာ၊

ဖန်ဆင်းစကချီးမွမ်းသူများ၊

မေရှိဖွားကြောင်း ကြွေးကြော်ပါ၊

ကိုးကွယ်ဖို့ရာခုလာကြပါ၊

သူငယ်တော်အားဦးချကြ။

Verse 1

သိုးထိန်းများသည်ကွင်းပြင်ပေါ်မှာ၊

သိုးများကိုစောင့်ထိန်းစဉ်ခါ၊

ရှင်ဘုရားသည်လူဇာတိနှင့်၊

မြေကြီးပေါ်သို့ ကြွသက်ဆင်း

ကိုးကွယ်ဖို့ရာခုလာကြပါ၊

သူငယ်တော်အားဦးချကြ။

Verse 2

ပညာရှိများတွက်ချက်ရာမှ၊

ဗျာဒိတ်တော်ကိုရှုမျှော်ကြ၊

လူမျိုးပေါင်းတောင့်တမေရှိယ၊

ထူးဆန်းကြယ်တွေ့မြင်သိရ၊

ကိုးကွယ်ဖို့ရာခုလာကြပါ၊

သူငယ်တော်အားဦးချကြ။

Verse 3

သန့်ရှင်းသူများကြာမြင့်လှစွာ၊

စောင့်ခဲ့ပြီပလ္လင်ရှေ့မှာ၊

ကိုယ်တော်ရှင်သည်ဆင်းကြွလာပြီ၊

ကျွန်ုပ်တို့တွင်ကိန်းဝပ်သည်၊

ကိုးကွယ်ဖို့ရာခုလာကြပါ၊

သူငယ်တော်အားဦးချကြ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs