1. Songs

351. ပျက်စီးလမ်းလွဲသူကို ကယ်ခြင်းကျူး

Myanmar Hymn

Verse 1

ပျက်စီးသူကယ်တင်ယူ၊ သေလုသူကြည့်ရှု၊

အပြစ်နှင့် သင်္ချိုင်းတွင်းမှ ကယ်နှုတ်ပါ၊

လမ်းလွဲသူဖို့ ငိုကြွေး၊ လဲသူ ချီပင့်လေ၊

ယေရှုရှင်ကယ်တင်နိုင်ကြောင်းကို ပြောပါ။

Chorus 1

ပျက်စီးသူကို ကယ်တင် သေလုသူကြည့်ရှု၊

ကရုဏာတော်မြတ်ဖြင့် ယေရှုကယ်ယူ၊ အာမင်။

Verse 2

မထီမဲ့ပြုသော်လည်း၊ စောင့်လျက်နေသေး၏၊

နောင်တရသောသားကို လက်ခံခြင်းငှါ၊

စိတ်ပါလျက် နိုးဆော်ကြ၊ သွေးဆောင်ဖြည်းညှင်းစွာ၊

ယုံကြည်လျှင် ပြစ်လွှတ်ဆေးကြောမည် မှန်ပါ။

Chorus 3

ပျက်စီးသူကို ကယ်တင် သေလုသူကြည့်ရှု၊

ကရုဏာတော်မြတ်ဖြင့် ယေရှုကယ်ယူ၊ အာမင်။

Verse 4

လူ၏ စိတ်အတွင်းမှာ စာတန်ဖျက်ဆီးရာ၊

ကရုဏာတော်ပြန်၍ ပြုပြင်နိုင်လေ၊

ချစ်ခြင်းမေတ္တာတော်ဖြင့် တို့တော်မူရလျှင်၊

ပျက်စီးနေခြင်းကို ပြန်ပြုပြင်နိုင်ပေ။

Chorus 5

ပျက်စီးသူကို ကယ်တင် သေလုသူကြည့်ရှု၊

ကရုဏာတော်မြတ်ဖြင့် ယေရှုကယ်ယူ၊ အာမင်။

Verse 6

ပျက်စီးသူ ကယ်တင်ယူ၊ ဆောင်ရွက်ရန် အမှု၊

ဆောင်ရွက်နိုင်ရန် အားပေးမူမည် ကိုယ်တော်၊

ကျဉ်းမြောင်းရာလမ်းထဲသို့ တဖန်ပြန်လာဖို့၊

လမ်းလွဲသူအား ကိုယ်တော်သေခံကြောင်း ပြော။

Chorus 7

ပျက်စီးသူကို ကယ်တင် သေလုသူကြည့်ရှု၊

ကရုဏာတော်မြတ်ဖြင့် ယေရှုကယ်ယူ၊ အာမင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs