1. Songs

377. ငါ့ဝိညာဉ်ကျူး

Myanmar Hymn

Verse 1

ငါ့ဝိညာဉ်အတောင်ကို ဖြန့်၊ ကောင်းကင်ဆုမြတ်ရှုမျှော်၊

သင့်ဇာတိအရပ်သို့ပျံ၊ သင်္ခါရကို စွန့်လော့၊

နေလကြယ် ယိုယွင်းကြသည်၊ ဤမြေကြီးလည်း ရွေ့သွားမည်၊

ထ၊ လျင်မြန်စွာ ငါ့ဝိညာဉ်၊ အထက်ဘုံသို့ သွားအံ့။

Verse 1

မြစ်တို့်သည် ပင်လယ်သို့စီး၊ ရေကြောင်း၌ ရပ်မနေ၊

မီးလျှံသည် နေသို့ပျံ၏၊ နေရင်းအရပ်သို့ပြေး၊

ထိုအတူ ဝိညာဉ်အသစ်၊ ရွှေမျက်နှာတော် ဖူးအံ့ငှာ၊

ကိန်းဝပ်တော်မူသော ဘုံစစ်၊ တောင့်တ အားကြီးတကား။

Verse 2

နှစ်သိမ့်ကြ၊ အာဂန္တုတို့ ဆုရအောင်တိုးတတ်ကြ၊

မိုးကောင်းကင်၌ အောင်မြင်လို၊ ယေရှုလျင်မြန်စွာလာ၊

များမကြာ ကျွန်ုပ်တို့အား၊ ချမ်းသာခွင့်ပေးတော်မူမည်၊

အောက်မှာ ဒုက္ခများ ပစ်ထား၊ ကောင်းကင်သို့ ပြောင်းလဲမည်။

အာမင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs