1. Songs

26. အနန္တတန်ခိုးရှင် ချီးမြှောက်ကျူး

Myanmar Hymn

Verse 1

တန်ခိုးအနန္တရှင်၊ ကြွလာမဟာဘုရင်၊

နာမတော်အား ကျွန်ုပ်တို့ ချီးမွမ်းရန် မစတော်မူ အဘ

အောင်မြင်ဘုန်းနှင့် တကွ စိုးစံမူပါ။

Verse 1

ကျွန်ုပ်တို့ ယေရှုရှင် အကွယ်အကာ ကြွဆင်း၊

မလဲအံ့ငှာ ရန်သူတို့ လက်ထဲက လွတ်မည်အကြောင်း ကယ်မ

ကိုယ်တော်သာ မှီတွယ်ရာ နာယူမူပါ။

Verse 2

နှုတ်ကပတ်တော် ကြွလာ ကျွန်ုပ်တို့ ပတ္တနာ

နားညောင်းတော်မူ ကိုယ်တော်၏ လူအပေါင်း တရားအကျိုးမြင်အောင်

ကောင်းချီးများစွာ သွန်းလောင်း ဆင်းသက်တော်မူ။

Verse 3

အိုဉပဇျာယ်ဆရာ၊ သက်သေတော်ခံခြင်းငှာ၊

ကြွပါ ယခု တန်ခိုးခပ်သိမ်းရှိသော မဟာမြတ် ဝိညာဉ်တော်

အကျွန်ုပ်တို့အပေါ် အုပ်စိုးခြင်းပြ။

Verse 4

သုံးပါးတစ်ဆူ ဘုရား၊ ကိုယ်တော်အရှင်မြတ်အား

ချစ်ခင်မှီဝဲ အထက်ဘုံ၌ ဖူးမြော် တန်ခိုးဘုန်းအာနုဘော်

ရှိတော်မူပါစေသော အစဉ်အမြဲ။ (အာမင်)

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs