1. Songs

၂၄၅။ တက်ကြခရစ်ယာန်စစ်သည်ကျူး

Myanmar SDA Hymnal

Verse 1

တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊

ယေရှုကပ်တိုင်ထမ်းပြီး၊ ရှေ့တက်စိတ်အားကြီး၊

ရန်သူတွေ့အောင်ခရစ်တော်၊ ကိုယ်တိုင်ကြွနှင့်သော်၊

စစ်ပွဲထဲသို့ဝင်လေ၊ အလံတော်ကြည့်ပေ။

Chorus 1

တက်ကြခရစ်ယာန်စစ်သည်၊

တိုက်ဖို့ချီသည်နည်း၊

ယေရှုကပ်တိုင်ထမ်းပြီး၊

ရှေ့တက်စိတ်အားကြီး။

Verse 2

အားကြီးဗိုလ်ပါများလို၊ ခရစ်အသင်းသား၊

ရှေးသန့်ရှင်းသူများကိုခြေရာလိုက်၍သွား၊

ကွဲပြားဝါဒကင်းကာ၊ ကိုယ်တစ်ကိုယ်တည်းသာ၊

တသမျှော်လင့်ခြင်းပွား၊ မေတ္တာစိတ်တစ်ပါး။

Chorus 3

တက်ကြခရစ်ယာန်စစ်သည်၊

တိုက်ဖို့ချီသည်နည်း၊

ယေရှုကပ်တိုင်ထမ်းပြီး၊

ရှေ့တက်စိတ်အားကြီး။

Verse 4

မင်းစိုးအာဏာရွှေ့သွား၊ တိုင်းပြည်ပေါ်ပျောက်ချေ၊

ယေရှုနိုင်ငံတော်ကား၊ မြဲတည်နေရလေ၊

မာရ်နတ်ဆိုး၏နိုင်ငံ၊ အောင်ခွင့်လျှင်းပယ်ရှား၊

ခရစ်ကိုယ်တိုင်မိန့်သံ၊ မြဲကတိတော်ထား။

Chorus 5

တက်ကြခရစ်ယာန်စစ်သည်၊

တိုက်ဖို့ချီသည်နည်း၊

ယေရှုကပ်တိုင်ထမ်းပြီး၊

ရှေ့တက်စိတ်အားကြီး။

Verse 6

လူမျိုးပေါင်းတို့ရှေ့တက်၊ ကျွန်ုပ်တို့နှင့်ရော၊

အသံချင်းပေါင်းဆိုလျက်၊ အောင်မြင်သီချင်းအော်၊

အရှင်မင်းခရစ်တော်၊ ဘုန်းကြီးပါစေသော်၊

လူနှင့်ကောင်းကင်သားတွေ၊ အစဉ်သီဆိုလေ။

Chorus 7

တက်ကြခရစ်ယာန်စစ်သည်၊

တိုက်ဖို့ချီသည်နည်း၊

ယေရှုကပ်တိုင်ထမ်းပြီး၊

ရှေ့တက်စိတ်အားကြီး။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs