1. Songs

သခင့်ကြောင့်ပါပဲ

Gan Dee, David Lah

Verse 1

သခင့်ကြောင့်သာ ကျွန်ုပ်အခုထိ နှလုံးခုန်နေတာ

သခင့်ဝိညာဉ် ကျွန်ုပ်အထဲ၌ အသက်ရှင်ပေးတာ

အသွေးနဲ့ အပြစ်ရွေးဝယ်ကာ လောကထဲရှိစေတာ

လိုက်လျှောက်ဖို့ သခင့်အလိုအတိုင်းသာ

Verse 1

သခင့်ကြောင့်သာ ဘုရားသားအဖြစ်

အမှုတော်ဆောင်ကာ

သခင့်ဝိညာဉ် အတွင်းနှလုံးသား အမြဲစစ်ကြောပါ

နေ့ရက်တိုင်းပြုပြင်ကာ တရားလမ်းထဲသွေးဆောင်တာ

သခင့်ရဲ့ဘုန်း ကျွန်ုပ် ရဲ့အထဲက

Chorus 2

သခင့်ကြောင့်ပါပဲ ….. အရာရာ မှာ အောင်မြင်ခြင်းနဲ့

သခင့်ကြောင့်ပါပဲ … ဝိညာဉ်တွေ ကယ်တင်နိုင်ခဲ့

ချီဆောင်ရန်လာမယ့်နေ့ရက်ယုံကြည်စွာမျှော်လင့်ရင်းနဲ့

ထာဝရ ဆုလာဒ်များရယူ ဝမ်းမြောက်ခြင်းနဲ့အတူ

သခင့်ကြောင့်ပါပဲ

Verse 3

သခင့်ကြောင့်သာ ဘုရားသားအဖြစ်

အမှုတော်ဆောင်ကာ

သခင့်ဝိညာဉ် အတွင်းနှလုံးသား အမြဲစစ်ကြောပါ

နေ့ရက်တိုင်းပြုပြင်ကာ တရားလမ်းထဲသွေးဆောင်တာ

သခင့်ရဲ့ဘုန်း ကျွန်ုပ် ရဲ့အထဲက

Chorus 4

သခင့်ကြောင့်ပါပဲ ….. အရာရာ မှာ အောင်မြင်ခြင်းနဲ့

သခင့်ကြောင့်ပါပဲ … ဝိညာဉ်တွေ ကယ်တင်နိုင်ခဲ့

ချီဆောင်ရန်လာမယ့်နေ့ရက်ယုံကြည်စွာမျှော်လင့်ရင်းနဲ့

ထာဝရ ဆုလာဒ်များရယူ ဝမ်းမြောက်ခြင်းနဲ့အတူ

သခင့်ကြောင့်ပါပဲ

Bridge 5

မထင်ရှားသောဒုစရိုက်အပြစ်များနှင့်

ကျွန်ုပ်ကိုကင်းစင်စေ

ရဲရင့်သောဒုစရိုက်အပြစ်များအား ဆီးတားမူပါ

ကိုယ်တော်ကိုမပြစ်မှားပဲနှင့် နေနိုင်ပါမည့်အကြောင်း

ဗျာဒိတ်တော်များကိုလဲ နှလုံးသွင်းနေမည်

Chorus 6

(သခင့်ကြောင့်ပါပဲ ….. အရာရာ မှာ အောင်မြင်ခြင်းနဲ့

သခင့်ကြောင့်ပါပဲ … ဝိညာဉ်တွေ ကယ်တင်နိုင်ခဲ့

ချီဆောင်ရန်လာမယ့်နေ့ရက်ယုံကြည်စွာမျှော်လင့်ရင်းနဲ့

ထာဝရ ဆုလာဒ်များရယူ ဝမ်းမြောက်ခြင်းနဲ့အတူ

သခင့်ကြောင့်ပါပဲ)2

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs