1. Songs

344. လက်တင်မင်္ဂလာပေးခြင်း

Myanmar Hymn

Verse 1

အသင်းဉီးခေါင်းသခင်ဘုရား အမှုတော်ဆောင် ကိုယ်တော်ကျွန်အား၊

ဗျာဒိတ်တော်တိုင်း ကျွန်ုပ်တို့သည် ခု လက်တင်မင်္ဂလာပေးပြီ။

Verse 1

တရားတော်မြတ် ဟောပြောခြင်းနှင့်

အဓိပ္ပါယ်လင်းစွာ ရှင်းပြခြင်း၊

သင်းအုပ်ကျင့်ဝတ် သိက္ခာမျိုးကို အစဉ်ကျင့်ဆောင်နိုင်ပါစေလို။

Verse 2

နှစ်ခြင်းတောင်းသူတို့ပေါ်လာလျှင်

နောင်တသဘောနှင့် ယုံကြည်ခြင်း၊

သူ့ လက္ခဏာပိုင်းခြားစိမ့်ငှာ၊ သမ္မာသတိရှိစေမူပါ။

Verse 3

နောင်ပွဲတော်ခံဖို့ ချိန်တန်သော်၊ အသွေးအသားတော်ပုံဖြစ်သော၊

စပျစ်ရည်မုန့်ကို ကိုင်သောခါ၊ သန့်ရှင်းခြင်းရှိ စေတော်မူပါ။

Verse 4

ကိုယ်တော်၏ ကျွန် သေသည်တိုင်အောင်၊

မသွေ တည်ကြည်ပါမည်အကြောင်း၊

ဘဝပြောင်းသော် ထံတော်အပါး၊ ခံစားအခွင့် ကယ်မသနား၊ အာမင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs