1. Songs

102. သားတော်မြတ်ဖြစ်ကျူး

Myanmar Hymn

Verse 1

ခရစ်တော်ယုံသော ငါတို့သည် ရှေးရွေးကောက်တော်မူခြင်းဖြင့်၊

သားတော်၏ အခွင့်ကို ရ၏၊ ကျေးဇူးတော် သက်သက်သာလျှင်၊

မြတ်ဘုရားရှင် ချစ်ကရုဏာတော်ဖြစ်သည်၊

မြတ်ဘုရားရှင် ချစ်ကရုဏာတော်ဖြစ်သည်။

Verse 1

ဖောက်ပြန်ဝိညာဉ်တိုင်း ပြစ်မှား၍ ဒဏ်ကို အမြဲခံထိုက်ချေ၊

ထာဝရရှင်မေတ္တာ ကြံစည်ကယ်ချွတ်ခြင်း သနားပေးပေ၊

ယေရှုအားဖြင့် သင်္ချေများစွာ ချမ်းသာသည်၊

ယေရှုဘုရားရှင် ချစ်ကရုဏာတော်ဖြစ်သည်။

Verse 2

ငါ၏ ဝိညာဉ်ရပ်တန့် အံ့ဩ ဘယ်ကြောင့် ထိုသို့ဖြစ်သနည်း၊

ကျေးဇူးတော်သာ ငါ့ကို ရွေးခေါ်၊ ခရစ်တော်အိမ်တော်သွင်းသည်၊

ဟာလေလုယ၊ ဂုဏ်တော်ချီးမွမ်းထာဝရ၊

ဟာလေလုယ၊ ဂုဏ်တော်ချီးမွမ်းထာဝရ။

Verse 3

ထိုမေတ္တာအစမရှိပါ၊ ဆုံးခြင်းလည်းကင်းရဖြစ်၍၊

ကျေးဇူးရှင် အိုထိန်းစောင့်ကြည့်ပါ၊ ငြိမ်သက်သန့်စင်

လမ်းလျှောက်စေ၊

ပါရမီမျိုး ပြည့်စုံ ခိုင်ခံ့စေမူပါ၊ ပါရမီမျိုး ပြည့်စုံ

ခိုင်ခံ့စေမူပါ။

Verse 4

ရှေးမဆွက မြတ်ဘုရားရှင်၊ ပြင်ဆင်နှင့်သော ဗိမာန်မှာ၊

ဘုန်းတော်မြတ်တွင် ဆက်ဆံနေစဉ်၊ ကောင်းကင်သားတို့နှင့် တကွ၊

ကျေးဇူးတော်ကို ကြွေးကြော်ချီးမွမ်းအေးကျူးရာ၊

ကျေးဇူးတော်ကို ကြွေးကြော်ချီးမွမ်းအေးကျူးရာ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs