1. Songs

5. ညဦးအချိန်ကျူး

Myanmar Hymn

Verse 1

ညဦးအချိန်ရှိပြီ၊ မိုးလည်းချုပ်သည်၊

ကိုယ်တော်အပြင် မစနိုင်သူမရှိ၊

အကျိုးနည်းသူကို ထောက်ပင့်အံ့သောငှာ၊

အကျွန်ုပ်နှင့်ဝင်၍ နေပါဘုရား။

Verse 1

အဆုံးတိုင်အောင် အသက်တာ ဆုတ်လျော့သည်၊

မြေကြီးစံစားရာမွဲ၊ ဘုန်းလည်းကွယ်၏

ဤလောက၌ အနိစ္စသာထင်ရှား၊ အမြဲတည်ရှင်၊

ကြွလာနေတော်မူပါ။

Verse 2

ဒဏ်ပေးပိုင်မင်းကြီး အာဏာနှင့် မဟုတ်၊

ကရုဏာတော်ြဖင့် ဒုက္ခမှ ရွေးနုတ်၊

သက်သာစေသော အတောင်တော်နှင့်တကွ၊

ကြွလာ အကျွန်ုပ်ထံနေတော်မူပါ။

Verse 3

အစဥ် ကိုယ်တော်ကို ဖူးတွေ့လိုပါ၏၊

မာရ်နတ်တန်ခိုး ဘယ်သူချိုးနိုင်သနည်း၊

ကိုယ်တော်မြတ်သာလျှင် တတ်နိုင်တော်မူရာ၊

ဩကျေးဇူးရှင် နေမြဲနေတော်မူပါ။

Verse 4

ကောင်းကျိုးပေးရန် အနားမှာနေမူလျှင်၊

ဘေးများအတွက် မစိုးရိမ်ပါအရှင်၊

သေမင်းလက်နက် အဘယ်မှာရှိသနည်း၊

တန်ခိုးတော်အားဖြင့် ကျွန်ုပ်အောင်လိမ့်မည်။

Verse 5

လက်ဝါးကပ်တိုင်တော်လင်း ကျေးဇူးအားဖြင့်၊

စုတေ့သော်၊ မျက်စိမှုန် ကိုယ်တော်ဖျောက်လွှင့်၊

ရွှေကောင်းကင်အရုဏ်ထက်၊ မြေကြီးကွယ်သွား၊

ကျွန်ုပ်အပါး နေတော်မူပါ ဘုရား။ (အာမင်)

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs