1. Songs

142. ယေရှုထံချဉ်းကပ်

Myanmar Hymn

Verse 1

ကယ်တင်ပိုင်ရှင်ထံ ချဉ်းကပ်ဖို့ရာ၊

ကျမ်းစာအားဖြင့် သမ္မလမ်းထင်ရှား၊

ဖြည်းညှင်းခေါ်သံတော် နားထောင်ကြ၊

ဆိုင်း၍မနေ၊ လာလေ။

Chorus 1

ဒုစရိုက်အပြစ်များနှင့် ကင်းရှင်း၊

စိတ်နှလုံး သာယာရွှင်မြူးခြင်းနှင့်၊

ကိုယ်တော်မြတ် ဖူးမြင်ပါမည်အစဉ်၊

ကောင်းကင်ရွှေပြည်၌ပေ။

Verse 2

သူငယ်တို့ငါ့ထံလာပါလေစေ၊ ယေရှုခရစ်သည် မိန့်တော်မူပေ၊

ဝမ်းမြောက်သော စိတ်နှင့် နာခံကြလေ၊ လျင်မြန်စွာ ချဉ်းကပ်ပါ။

Chorus 3

ဒုစရိုက်အပြစ်များနှင့် ကင်းရှင်း၊

စိတ်နှလုံး သာယာရွှင်မြူးခြင်းနှင့်၊

ကိုယ်တော်မြတ် ဖူးမြင်ပါမည်အစဉ်၊

ကောင်းကင်ရွှေပြည်၌ပေ။

Verse 4

ငါတို့အလယ်၌ ကိုယ်တော်မြတ်သည်၊ ဤနေ့တွင်ပင် ရပ်နေတော်မူ၏၊

ပညတ်တော်များကို မိန့်မြွက်သတည်း၊ သင်တို့ခံယူမည်လော။

Chorus 5

ဒုစရိုက်အပြစ်များနှင့် ကင်းရှင်း၊

စိတ်နှလုံး သာယာရွှင်မြူးခြင်းနှင့်၊

ကိုယ်တော်မြတ် ဖူးမြင်ပါမည်အစဉ်၊

ကောင်းကင်ရွှေပြည်၌ပေ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs