1. Songs

317. အပြစ်သွေးဆောင်ရာသို့ မလိုက်နှင့်ကျူး

Myanmar Hymn

အပိုဒ် 1

အပြစ်သွေးဆောင်ရာသို့ မလိုက်မပါနှင့်၊ တစ်ခါသင်အောင်မြင်လျှင် နောက်တစ်ခါအောင်မည်၊

ရဲရင့်စွာတိုးတက်လေ၊ ဒေါသကိုချုပ်တည်း၊ ယေရှုကို မျှော်ကြည့်လေ၊ သင့်ကို လမ်းပြမည်။

သံပြန်

အားပေးမစတော်မူရန် ကယ်ချွတ်ရှင်ကို ဆုတောင်းလေ၊

သင့်ကို လမ်းပြဆောင်ယူရန် အသင့်စောင့်လျက်နေပေ။

အပိုဒ် 2

မကောင်းမိတ်ဆွေ ရှောင်‌လေ၊ စကားယုတ်ရွံရှာ၊

ကိုယ်တော်နာမရိုသေ၊ ချည်းနှီးမသုံးရာ၊ စိတ်အားကြီး သတိရှိ၊

ကြင်နာခြင်းရှိလေ၊ ယေရှုကို မျှော်ကြည့်လေ၊ သင့်ကို လမ်းပြမည်။

သံပြန်

အားပေးမစတော်မူရန် ကယ်ချွတ်ရှင်ကို ဆုတောင်းလေ၊

သင့်ကို လမ်းပြဆောင်ယူရန် အသင့်စောင့်လျက်နေပေ။

အပိုဒ် 3

အောင်မြင်လေသောသူအား သရဖူပေးမည်၊ ယုံကြည်ခြင်းအားဖြင့်သာ၊

ရှုံးသော်လည်း အောင်မည်၊ ကယ်ချွတ်ပိုင်အရှင်ပေ၊

အားတိုးတတ်စေမည်၊ ယေရှုကို မျှော်ကြည့်လေ၊ သင့်ကို လမ်းပြမည်။

သံပြန်

အားပေးမစတော်မူရန် ကယ်ချွတ်ရှင်ကို ဆုတောင်းလေ၊

သင့်ကို လမ်းပြဆောင်ယူရန် အသင့်စောင့်လျက်နေပေ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs