1. Songs

၁၅၃။ လက်ချည်းသက်သက်သေသွားရလောကျူး

Myanmar SDA Hymnal

Verse 1

လက်ချည်းသက်သက်သေသွားရလော၊

ကယ်တင်ရှင်ဤသို့တွေ့သော်၊

မှုတော်မြတ်ကိုဆောင်ရွက်မပေး၊

ကိုယ်တော်အားဘာမျှမပေး။

Chorus 1

လက်ချည်းသက်သက်သေသွားရလော၊

ဤသို့ကယ်တင်ရှင်ကြည့်တည်း၊

သွေးဆောင်ခေါ်ပြီးသူမပါသော်၊

ဘယ်သို့ထံတော်ဝင်မည်နည်း။

Verse 2

ခုသေရသော်လည်းမစိုးရိမ်၊

ကိုယ်တော်ကျွန်ုပ်ကိုကယ်တင်၊

လက်ချည်းသွားရသောကြောင့်စိုးရိမ်၊

စိတ်ဝမ်းနည်းခြင်းနှင့်မကင်း။

Chorus 3

လက်ချည်းသက်သက်သေသွားရလော၊

ဤသို့ကယ်တင်ရှင်ကြည့်တည်း၊

သွေးဆောင်ခေါ်ပြီးသူမပါသော်၊

ဘယ်သို့ထံတော်ဝင်မည်နည်း။

Verse 4

ချည်းနှီးလွန်စေသောနှစ်များကို၊

တစ်ဖန်လွန်ပြန်စေနိုင်လျှင်၊

သက်ချိန်လုံးကိုယ်တော်အားပေးလို၊

ကိုယ်တော်နောက်သို့စဉ်လိုက်ချင်။

Chorus 5

လက်ချည်းသက်သက်သေသွားရလော၊

ဤသို့ကယ်တင်ရှင်ကြည့်တည်း၊

သွေးဆောင်ခေါ်ပြီးသူမပါသော်၊

ဘယ်သို့ထံတော်ဝင်မည်နည်း။

Verse 6

သန့်ရှင်းသူတို့နိုးကြားကြိုးစား၊

နေ့ချိန်မှုတော်ဆောင်ရွက်ထား၊

သေရသောကာလမရောက်မီ၊

သူတစ်ပါးကိုသွေးဆောင်ပြီ။

Chorus 7

လက်ချည်းသက်သက်သေသွားရလော၊

ဤသို့ကယ်တင်ရှင်ကြည့်တည်း၊

သွေးဆောင်ခေါ်ပြီးသူမပါသော်၊

ဘယ်သို့ထံတော်ဝင်မည်နည်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs