1. Songs

၁၂၅။ အသင်းတော်၏အမြစ်ကားကျူး

Myanmar SDA Hymnal

Verse 1

အသင်းတော်၏အမြစ်ကား၊ ယေရှုသခင်ပေတည်း၊

ခရစ်တော်နှုတ်ကပတ်တော်၊ အသင်းတော်ဖန်ဆင်းပြီ၊

သတို့သမီးမြတ်စေရာ၊ ရှာရန်ဆင်းသက်မူပါ၊

သွန်းလောင်းသွေးတော်ဝယ်ယူရာ၊ စွန့်သက်တော်ရှင်စေပါ။

Verse 1

လူမျိုးမျိုးထဲမှရွေးကာ၊ တစ်လုံးတစ်ဝတည်းတည်၊

ဘုရားတရားဖွားခြင်းမှာ၊ တစ်ပါးတည်းသာရှိသည်၊

နာမတော်ကြီးမြတ်သန့်ရှင်း၊ သန့်ရှင်းပွဲတော်တည်သည်၊

တစ်ခုတည်းသောမြော်လင့်ခြင်း၊ မီအောင်ကြိုးစားရမည်။

Verse 2

သင်းတော်ကွဲပြားဒုက္ခများ၊ ခံစားတော်မူရှာရ၊

လောကီသားများလွန်စော်ကား၊ မထီမဲ့မြင်ပြုကြ၊

သန့်ရှင်းသူများယုံကြည်ပုံ၊ တောင်းပန်ပေကြာပြီလေ၊

ညဉ့်လွန်ပြီးမှနေ့အရုဏ်၊ သာယာစွာတက်မည်လေ။

Verse 3

ညှဉ်းဆဲမျိုးမျိုးဒုက္ခစုံ၊ သင်းတော်စင်ပြိုင်နေစဉ်၊

မကုန်မဆုံးချမ်းသာပုံ၊ မြင်ရန်ဆိုင်းလင့်နေလျှင်၊

မြင့်မြတ်သောရူပါရုံတော်၊ မျက်စိတွေ့မြင်သောခါ၊

ဘုန်းတော်ပြည့်စုံသောသင်းတော်၊ ရွှင်လန်းမည်သာယာစွာ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs