125. ဝေးလှသော တောင်ကုန်းပေါ် ထူထားသော ကားတိုင်တော်ကျူး
- Myanmar
- စာသား / Lyrics
- Hymn 125
Verse 1
ဝေးလှသော တောင်ကုန်းပေါ်၊ ထူထားသော တိုင်တော်သည်၊
ရှက်ကြောက်ဘွယ် ဒုက္ခခံရာတိုင်တည်း၊
ပြစ်လောကကို ကယ်ရန် သေခံရာ တိုင်တော်ကို၊
ကျွန်ုပ်သည် ထူးပင် ချစ်ခင်မြတ်နိုး။
Chorus 1
တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်၊
လမ်းဆုံးမှာ အောင်ပန်းကို ချထားမည်၊
ကျွန်ုပ်သည် မှီတွယ်သော တိုင်တော်နှင့်၊
သရဖူကို တနေ့ဖြင့် လဲချင်။
Verse 2
လောကလုံး ရွံရှာသော လက်ဝါးကပ်တိုင်တော်၏
ဆွဲနိုင်သော တန်ခိုးသည် အံ့ဘွယ်တည်း၊
ထက်ကောင်းကင်ဘုန်းတော်ပင် သိုးသငယ်
စွန့်ပြီးကာ သစ်တိုင်မှာ သေခံရန် ကြွဆင်းလာ။
Chorus 3
တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်၊
လမ်းဆုံးမှာ အောင်ပန်းကို ချထားမည်၊
ကျွန်ုပ်သည် မှီတွယ်သော တိုင်တော်နှင့်၊
သရဖူကို တနေ့ဖြင့် လဲချင်။
Verse 4
သွေးတော်နှင့် စွန်းကွက်သော လက်ဝါးကပ်တိုင်တော်သည်
အံ့ဩဖွယ်တင့်တယ်လှပပေသည်၊
ကျွန်ုပ်ကို ပြစ်လွှတ်လျက် သန့်ရှင်းစင်ကြယ်စေရန်
ယေရှုရှင် ထိုတိုင်ပေါ်မှာ သေခံ။
Chorus 5
တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်၊
လမ်းဆုံးမှာ အောင်ပန်းကို ချထားမည်၊
ကျွန်ုပ်သည် မှီတွယ်သော တိုင်တော်နှင့်၊
သရဖူကို တနေ့ဖြင့် လဲချင်။
Verse 6
တိုင်တော်ကို ကျွန်ုပ်သည် စဉ်သစ္စာရှိပါမည်၊
ကဲ့ရဲ့ခြင်း ပြစ်တင်ခြင်း ခံလိုသည်၊
ကောင်းကင်ဘုံစံဖို့ရာ ကိုယ်တော်ရှင် ခေါ်သောခါ၊
ကိုယ်တော်နှင့်အတူ ဘုန်းတော်ဝင်စား။
Chorus 7
တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်၊
လမ်းဆုံးမှာ အောင်ပန်းကို ချထားမည်၊
ကျွန်ုပ်သည် မှီတွယ်သော တိုင်တော်နှင့်၊
သရဖူကို တနေ့ဖြင့် လဲချင်။
More Myanmar songs
- ကိုယ်တော်ရယ်ကောင်းမြတ်တယ်chords
- ဆာလံ ၂၃chords
- အထက်ကိုတက်သောမျက်ရည်chords
- ဧမာနွေလchords
- ငါသည်ဘုရားchords
- ရှူသွင်းတဲ့အသက်လေထက်chords
- အမှုသစ်ပြုပေးပြီchords
- တောင်ထိပ်၌လည်းchords
- 138. ထမြောက်တော်မူခြင်းကျူး
- တစ်ဆင့်ပြီးတစ်ဆင့်chords
- 324. ဉပုည်နေ့ကျူး
- ၃၂။ ရှေ့ပြည်မှရှင်ဘုရင်သုံးပါးကျူး
- 299. ကောင်းပေသည်ကျူး
- ကျွန်ုပ်မှာ သက်သေရှိတယ်
- 35. ကိုးကွယ်ဆုံးကျူး
- 170. ကျွန်ုပ်သည် မိတ်ဆွေတွေ့ပြီကျူး
- 367. ကိုယ်တော်ကို သိလိမ့်မည်ကျူး
- ၂၃၀။ ကိုယ်တော်မြတ်နှင့်လျှောက်စေမူပါကျူး
- 186. ပတ္တာတော်ကျူး
- ၉၀။ ယေရှုကျွန်ုပ်လာပြီကျူး
- 365. ဝန်ချကျူး
- 154. ယေရှုဘို့ သင်၌ နေရာအခန်းရှိသလားကျူး
- ကိုယ်တော်သန့်ရှင်းသည့်နည်းတူchords
- 105. ယေရှုနာမတော်ကျူး