1. Songs

၃၂။ ရှေ့ပြည်မှရှင်ဘုရင်သုံးပါးကျူး

Myanmar SDA Hymnal

Verse 1

ရှေ့ပြည်မှရှင်ဘုရင်သုံးပါး၊

လက်ဆောင်ပဏ္ဏာများနှင့်ရောက်လာ။

ထူးဆန်းသောကြယ်လမ်းညွှန်ပြရာ၊

လမ်းတစ်လျှောက်လုံးလိုက်လာ။

Chorus 1

အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊

တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊

စုံလင်သောအလင်းတော်မြတ်သို့၊

ရှေ့ပြည်မှလမ်းပြဆောင်ပို့။

Verse 2

သူငယ်တော်အားဘိသိက်မြှောက်ရာ၊

ရွှေမကိုဋ်ကိုဆက်ရန်ယူလာ။

ကိုယ်တော်ရှင်ဘုရင်မင်းမြတ်သည်၊

စဉ်မပြတ်အုပ်စိုးမည်။

Chorus 3

အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊

တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊

စုံလင်သောအလင်းတော်မြတ်သို့၊

ရှေ့ပြည်မှလမ်းပြဆောင်ပို့။

Verse 4

လောဗန်နှင့်မွှေးကြိုင်သောနံ့သာ၊

ဆက်ကပ်ဖို့ရာကျွန်ုပ်ယူလာ။

ဆုတောင်းပတ္ထနာချီးမွမ်းကာ၊

ဘုရားထံတော်ဝင်လာ။

Chorus 5

အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊

တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊

စုံလင်သောအလင်းတော်မြတ်သို့၊

ရှေ့ပြည်မှလမ်းပြဆောင်ပို့။

Verse 6

မွှေးကြိုင်သောမုရန်စေးကိုသာ၊

ကျွန်ုပ်သည်ပူဇော်ဆက်ဖို့လာ။

သင်္ချိုင်းတွင်းမှာသိပ်ထားကာလ၊

မုရန်စေးမွှေးကြိုင်လှ

Chorus 7

အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊

တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊

စုံလင်သောအလင်းတော်မြတ်သို့၊

ရှေ့ပြည်မှလမ်းပြဆောင်ပို့။

Verse 8

တိုင်ပေါ်မှာပူဇော်ပြီးသောခါ၊

ကယ်တင်ရှင်သေခြင်းမှထလာ။

ကောင်းကင်သားနှင့်မြေကြီးသားတွေ၊

ဟာလေလုယဆိုလေ။

Chorus 9

အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊

တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊

စုံလင်သောအလင်းတော်မြတ်သို့၊

ရှေ့ပြည်မှလမ်းပြဆောင်ပို့။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs