1. Songs

324. ဉပုည်နေ့ကျူး

Myanmar Hymn

Verse 1

ဤဉပုသ်နေ့ ဗိမာန်တော်တွင်

လူတို့အပြစ် ဖြေလွှတ်အရှင်၊

သခင်ယေရှု ကျေးဇူးတော်ကို

ရွှင်လန်းသော စိတ်နှင့် သီချင်းဆို။

Verse 1

ဤနေ့တွင် ထိုမြတ်သော အရှင်သေခြင်းမှ

ထမြောက်တော်မူလျှင်၊

အပြစ်ငရဲလွတ်ရသော လမ်းဖွင့်တော်မူ၏၊

ချီးမွမ်းကုန်အံ့။

Verse 2

ဤ သာယာသောနေ့ လူအပေါင်း

ကယ်ချွတ်တရားတော် ကျေးဇူးကြောင့်၊

ဝမ်းမြောက်ရွှင်လန်းသော စိတ်နှလုံးရှိလျက်

သီချင်းများ ဆိုကြကုန်။

Verse 3

ဤ နေ့မူကား ဘုရား၏ နေ့၊

တပည့်တော်များ သိမှတ်ပါစေ၊

မဟာကျေးဇူးတော် အောက်မေ့ဖို့ရာ၊

ရွှင်လန်းသော စိတ်နှင့် စည်းဝေးကြ။

Verse 4

ဝမ်းမြောက်သော စိတ်နှင့် ဉပုသ်စောင့်၊

အလိုတော်ကို သိမည်အကြောင်း၊

တရားတော်ကို စေ့စေ့နာခံ၊

ကျေးဇူးတော်ကို ခိုလှုံကုန်အံ့။ အာမင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs