1. Songs

256. လမ်းပြတော်မူကျူး

Myanmar Hymn

Verse 1

တောရပ် ကျွန်တော်သွားသော

ဧည့်သည်လမ်းပြတော်မူပါဘုရား၊

ကိုယ်တော်စွမ်းကြီး ကျွန်တော်အားနည်း

လက်တော်ကိုင်ဆွဲ မစပါ၊

သက်အာဟာရ သက်အာဟာရ

ကောင်းကင်က ပေးတော်မူပါ၊ ကောင်းကင်က ပေးတော်မူပါ။

Verse 1

ကျောက်မှ သက်စမ်းရေ စီးယိုစေ၊

ငြိမ်းစေပါ အငတ်အဆာ၊

လမ်းပြမိုးတိမ်နေ့ချိန် ညိုစေ၊

ညချိန်မီးလိုတောက်စေပါ၊

အိုချွတ်ပိုင်ရှင်၊ အိုချွတ်ပိုင်ရှင်၊

လမ်းလျှောက်လုံး ကယ်မသနား၊ လမ်းလျှောက်လုံး ကယ်မသနား။

Verse 2

ကျွန်တော်ယော်ဒန်မြစ်လမ်းဆုံးသို့ ရောက်သော်၊

ကြောက်ခြင်း ကင်းစေပါ၊

ခါနာန်သစ် သာယာစွာ ကုန်းသို့

ကျွန်တော်ကို ကူးမြောက်စေလာ၊

ချီးမွမ်းသီချင်း၊ ချီးမွမ်းသီချင်း၊

ဆိုမည်အစဉ် ထာဝရဆိုမည်၊ ဆိုမည်အစဉ် ထာဝရဆိုမည်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs