1. Songs

408. တမန်တော်များ ကဲ့သို့ဆက်ကပ်မည်

Myanmar Hymn

Verse 1

တမန်တော် ပေါလုဟောသော ဒေသနာ၊

ဝိညာဉ်ဆုကျေးဇူး တိုးပွားစိမ့်သောငှာ၊

ခရစ်တော် ယေရှု၌ရှိသော စိတ်သဘော၊

သင်တို့အားလုံး၌လည်း ရှိစေလော့။

Chorus 1

အို မိတ်ဆေများတို့ တည်ဆောက်ကြစို့၊

သန့်ရှင်းသူ တမန်တော်များ ကဲ့သို့၊

ယေရှု၌ ရှိသော စိတ်သဘောကို သင်တို့အားလုံး၌ ရှိစေကြကုန်စို့။

Verse 2

ကိုယ်တော်၏ ဖြောင့်မတ် သန့်ရှင်းခြင်း မေတ္တာ၊

သူတပါးအကျိုး တိုးပွားစိမ့်သောငှာ၊

နှိမ့်ချလျက် သည်းခံ ပြစ်လွှတ်လျက် မစ၊

ထိုပါရမီများကို ဆည်းပူးကြ။

Chorus 3

အို မိတ်ဆေများတို့ တည်ဆောက်ကြစို့၊

သန့်ရှင်းသူ တမန်တော်များ ကဲ့သို့၊

ယေရှု၌ ရှိသော စိတ်သဘောကို သင်တို့အားလုံး၌ ရှိစေကြကုန်စို့။

Verse 4

ကိုယ်တော်သည် အသက်စွန့်ရသည်တိုင်အောင်၊

ဖခမည်းတော်၏ အလိုတော်ကို ဆောင်၊

ကျွန်ုပ်တို့သည်လည်း ကိုယ်တော်မြတ်ကဲ့သို့၊

ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်းကြစို့။

Chorus 5

အို မိတ်ဆေများတို့ တည်ဆောက်ကြစို့၊

သန့်ရှင်းသူ တမန်တော်များ ကဲ့သို့၊

ယေရှု၌ ရှိသော စိတ်သဘောကို သင်တို့အားလုံး၌ ရှိစေကြကုန်စို့။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs