1. Songs

၈၃။ အံ့ဖွယ်သက်ရှင်စကားကျူး

Myanmar SDA Hymnal

Verse 1

ထပ်မံသီချင်းဆိုကြပါကုန်၊

အံ့ဖွယ်ကောင်းလှစကား။

တိုး၍နားလည်ချင်သေးလုံးစုံ၊

သက်ရှင်စေသောစကား။

ကောင်းလှသက်ရှင်ရလေ၊

ယုံကြည်နားထောင်စေပေ။

Chorus 1

ကောင်းလှစကား၊ အံ့ဖွယ်စကား၊

အံ့ဖွယ်သက်ရှင်စကား။ ကောင်းလှစကား၊

အံ့ဖွယ်စကား၊ အံ့ဖွယ်သက်ရှင်စကား။

Verse 2

ယေရှုအားလုံးကိုဖိတ်ကြား၏၊

အံ့ဖွယ်ကောင်းလှစကား။

ပြစ်ရှိသူတို့နားထောင်သင့်၏၊

သက်ရှင်စေသောစကား။

ဖိုးမယူဘဲပေးဝေ၊

ကောင်းကင်သွေးဆောင်ခေါ်လေ။

Chorus 3

ကောင်းလှစကား၊ အံ့ဖွယ်စကား၊

အံ့ဖွယ်သက်ရှင်စကား။ ကောင်းလှစကား၊

အံ့ဖွယ်စကား၊ အံ့ဖွယ်သက်ရှင်စကား။

Verse 4

ဝမ်းသာသတင်းတော်ကြော်ငြာလေ၊

အံ့ဖွယ်ကောင်းလှစကား။

ပြစ်လွှတ်ငြိမ်သက်နေခြင်းကိုပေး၊

သက်ရှင်စေသောစကား။

ယေရှုသာကယ်ချွတ်ရှင်၊

သန့်ရှင်းစေထာဝစဉ်။

Chorus 5

ကောင်းလှစကား၊ အံ့ဖွယ်စကား၊

အံ့ဖွယ်သက်ရှင်စကား။ ကောင်းလှစကား၊

အံ့ဖွယ်စကား၊ အံ့ဖွယ်သက်ရှင်စကား။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs