1. Songs

405. နေဝင်နောက်ကွယ် ထွန်းတောက်ဝယ်

Myanmar Hymn

Verse 1

နေဝင်ရာ ကမ်းမှာ လင်း အရုဏ်ကူးလာ၊

ရင်မှာ ကြည်နူးစရာ ထူးလှသက်တာ၊

ကိုယ်တော်လက်တွဲကာ၊ ခွဲမရသော ဘဝပါ၊

နေဝင်ရာ ကမ်းမှာ မြတ်လှ သက်တာ။

Verse 1

နေဝင်ရာ ကမ်းမှာ နေ့တာမဆုံးပါ၊ မှောင်ရိပ်ကွယ်သွားကာ၊

နေ့သစ်ရောက်လာ၊ ကမ္ဘာဝယ် လွမ်းစရာ နွမ်းလှသော သက်တာ၊

နေဝင်ရာ ကမ်းမှာ ဆန်းသစ်ရလာ။

Verse 2

နေဝင်ရာ ကမ်းမှာ မိတ်ဆွေစုပေါင်းလာ၊ ပြန်လည်ငိုကြွေးစရာ

ကင်းမဲ့သာအခါ၊ ထာဝစဉ် ရွှင်လန်းကာ၊ ပြုံးရသော ဘဝပါ၊

နေဝင်ရာ ကမ်းမှာ ကောင်းလှသက်တာ။

Verse 3

နေဝင်ရာ ကမ်းမှာ ကိုယ်တော်ဘုရားသာ၊ ကြင်နာပိုက်ထွေးကာ၊

ပေးခဲ့မေတ္တာ၊ ရင်မှာ ပင်ပန်းစရာ ဆုံးတော့မဲ့ ဘဝပါ၊

နေဝင်ရာ ကမ်းမှာ အေးငြိမ်းချမ်းသာ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs