1. Songs

185. ကြေကွဲကျူး

Myanmar Hymn

Verse 1

လက်ဝါးကပ်တိုင်အနား ရပ်လျှင်၊ ဆွဲထားသောသူကို ကြည့်နေစဉ်၊

အသွေးလူးလျက် မျက်နှာညှိုးလေ၊ မျက်စိတော်သည် ငါ့ကို ရှုချေ။

Verse 1

ဩ ငါ့အသက်မဆုံး ကုန်မီ၊ မျက်စိတော်ကို မမေ့နိုင်ပြီ၊

သင်သည် ငါ့ကို သေစေသတည်း၊ မြွက်ဆိုတော်မူသည်လို ဖြစ်၏။

Verse 2

ဘယ်သို့ ငါပြုသည်ကို မသိ၊ မျက်ရည်ယိုကျကြောက်ရွံ့တုန်၏၊

ပုန်းချင်သော်လည်း ပုန်းရာမရ၊ သခင်ကို သတ်သောသူတကား။

Verse 3

တဖန်မျှော်ကြည့်တော်မူပြန်လျှင်၊ သင်၏ အပြစ်ကို ငါဖြေရှင်း၊

ငါ၏ အသွေးရွေးဖို့ မှတ်လော့၊ ငါလျှင်သေ၏၊ သင်သည် ရှင်တော့။

Verse 4

ငါ၏ သေခြင်းကို အောက်မေ့သော်၊ သင်၏ အပြစ်ကို သိမြင်လော့၊

အံ့ဖွယ်ငါ့ကျေးဇူး ဂုဏ်ကြောင့်လည်း၊ သင်၏ အပြစ်ဖြေရှင်းရာ၏။

Verse 5

နှလုံးကြေကွဲသော ကျွန်ုပ်ကို၊ သခင်ယေရှု ထိုသို့မြွက်ဆို၊

အိုယေရှုရှင်၊ မေတ္တာတော်သည်၊ အစိန္တေယျ၊ အောက်မေ့မမီ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs