1. Songs

282. ဆင်းရဲမုန်တိုင်းကျူး

Myanmar Hymn

Verse 1

ဆင်းရဲမုန်တိုင်း သက်ရောက်လာရာ၊ ဒုက္ခဒီရေတက်စီးသောခါ၊

ခိုဝင်ငြိမ်းရာ အသင့်ရှိသည်၊ ကျေးဇူးပလ္လင်တော် ရိပ်၌တည်။

Verse 1

ကောင်းကင်စည်းစိမ် ရှေ့စမ်းသည်လို၊

ရွှင်လန်းစိတ်အားကြီးချမ်းသာကို

သနားမူရာ၊ ဘယ်ရပ်မှာနည်း၊ ကျေးဇူးပလ္လင်တော် နားမှာတည်း။

Verse 2

မိတ်ဆွေချစ်သူ ဝေးကွာလျက်ပင်၊ လွမ်းဆွတ်အောက်မေ့နေကြသည်တွင်၊

တွေ့ကြုံရာကား၊ အခြားမရှိ၊ ကျေးဇူးပလ္လင်တော် ရှေ့မှာတည်း။

Verse 3

ရွှေလင်းတတောင်ဖြင့် ပျံသည်လို၊ ယုံကြည်စိတ်ကြွ၊

ပလ္လင်တော်သို့၊

ချီတက် တိုးဝင် ချဉ်းကပ်သောခါ၊ ကျေးဇူးပလ္လင်တော် ဘုန်းကြီးလှ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs