1. Songs

၂၄၃။ ယုံခြင်းသည်အောင်ခြင်းတည်းကျူး

Myanmar SDA Hymnal

Verse 1

အလင်းတော်တောင်တစ်လျှောက်တပ်ချ၊

ခရစ်ယာန်စစ်သည်ထ၊ နေရောင်မကွယ်မီညဉ့်အစ၊

စစ်ပွဲသို့ချီတက်ကြ၊ ချိုင့်အောက်ရှိရန်သူများတို့အား

စွမ်းအားရှိတိုက်ကြရာ၊ လောကကိုအောင်ခြင်းအရာမှာ၊

ယုံကြည်ခြင်းသာဖြစ်ပါ။

Chorus 1

ယုံခြင်းသည်အောင်ခြင်းတည်း၊

ယုံခြင်းသည်အောင်ခြင်းတည်း၊

အိုဘုန်းကြီးသောအောင်ခြင်းသည်၊

လောကကိုအောင်ခြင်းတည်း။

Verse 2

ကိုယ်တော်အောင်လံမေတ္တာဖြစ်သည်၊

ကျမ်းစာကျွန်ုပ်ဓါးတည်း၊ သန့်ရှင်းသူတို့နင်းသောလမ်းကို၊

အောင်လံများနှင့်လျှောက်လို၊ ယုံကြည်ခြင်းအားဖြင့်

သူတို့သည်လေပြင်းကဲ့သို့အောင်သည်၊

သေမင်းကိုအောင်သည်ယုံကြည်သူ၊ ငါတို့ဒိုင်းလွှားဖြစ်မူ။

Chorus 3

ယုံခြင်းသည်အောင်ခြင်းတည်း၊

ယုံခြင်းသည်အောင်ခြင်းတည်း၊

အိုဘုန်းကြီးသောအောင်ခြင်းသည်၊

လောကကိုအောင်ခြင်းတည်း။

Verse 4

ရန်သူများကိုရပ်တိုင်းတွေ့မှာ၊ ကြောက်မက်ဖွယ်စီတန်းနေ၊

ပေါ့လျော့ခြင်းများစွန့်လွှတ်ထားပါ၊ စစ်ပွဲသို့ချီတက်လေ၊

ကယ်တင်ခြင်းသံခမောက်ဆောင်းပါသစ္စာခါးပန်းစည်းလေ၊

ငါတို့ခြေသံကြွေးကြော်သံမှာ၊ မြေကြီးပဲ့တင်ခတ်စေ။

Chorus 5

ယုံခြင်းသည်အောင်ခြင်းတည်း၊

ယုံခြင်းသည်အောင်ခြင်းတည်း၊

အိုဘုန်းကြီးသောအောင်ခြင်းသည်၊

လောကကိုအောင်ခြင်းတည်း။

Verse 6

ရန်သူကိုအောင်မြင်သောသူအား၊ ဖြူဝတ်ရုံကိုပေးမည်၊

ကောင်းကင်တမန်အပေါင်းရှေ့တွင်၊ သူ့နာမဖော်ပြမည်၊

အလင်းတောင်မှရှေ့သို့တိုးတက်မေတ္တာစိတ်ရွှင်လန်းရ၊

ယေရှုအောင်မြင်နာမတော်မြတ်၊ ညတပ်ကိုအောင်မြင်ကြ။

Chorus 7

ယုံခြင်းသည်အောင်ခြင်းတည်း၊

ယုံခြင်းသည်အောင်ခြင်းတည်း၊

အိုဘုန်းကြီးသောအောင်ခြင်းသည်၊

လောကကိုအောင်ခြင်းတည်း။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs