၂၄၁။ ညီတော်သစ္စာစောင့်ကျူး
- Myanmar
- စာသား / Lyrics
- Key G
- Hymn 241
Verse 1
ညီတော်သစ္စာစောင့် ယေရှုကြွလာလိမ့်မည်၊
ကျွန်ုပ်တို့ကြာစွာမျှော်နေသူ၊
ဘုန်းရှိအိမ်တော်သို့မကြာမီဝင်ရမည်၊
အောင်ပွဲတွင်ကျူးအေးပါဝင်သူ၊
Verse 1
ညီတော်သစ္စာစောင့်၊ ဘာကြောင့်ကျွန်ုပ်တို့သည်၊
ကိုယ်တော်အားသစ္စာမဲ့သနည်း၊
အကြွင်းမဲ့မဟာမေတ္တာပြတော်မူသည်၊
ရွေးနုတ်ရန်သေခံမူသတည်း။
Verse 2
ညီတော်သစ္စာစောင့်၊ သန့်ရှင်းသူတို့အဖို့၊
ရွှေမြို့တော်ကိုပြင်တော်မူပြီ၊
သင်သည်ငြိမ်သက်ခြင်းရရှိရန်ဝင်စေဖို့၊
ပုလဲတံခါးများဖွင့်ထားမည်၊
Verse 3
ညီတော်သစ္စာစောင့် မောပန်းခြင်းဒုက္ခပြည်၊
ဖြစ်သောဤအရပ်မှထွက်မည်၊
ဝမ်းနည်းခြင်းပြည့်သော
ညဉ့်မှောင်မိုက်ကွယ်တော့မည်၊
ဘုန်းတော်နံနက်ကိုတောင့်တ၏။
Verse 4
ညီတော်သစ္စာစောင့်၊ အနန္တတန်ခိုးရှင်၊
ကောင်းကင်တမန်များခြံရံကာ၊
အောင်ခြင်းပန်းခက်များ၊
ယူဆောင်လျက်မကြာခင်၊
ကောင်းကင်မှဆင်းသက်တော်မူရှာ၊
Verse 5
ညီတော်သစ္စာစောင့် များမကြာဝမ်းမြောက်စွာ၊
ဤသို့ကယ်တင်ရှင်မိန့်မူရာ၊
သာဓုသစ္စာရှိငယ်သားကောင်းငါနှင့်သာ၊
ကောင်းကင်ချမ်းသာသို့ဝင်စားပါ။
Verse 6
ညီတော်သစ္စာစောင့်၊ ထာဝရကာလတွင်၊
သင်၏တည်ကြည်ခြင်းထင်ရှားမည်၊
ခေါင်းပေါ်သရဖူ၊ များတောက်ပမျက်နှာတွင်၊
မျက်ရည်များကိုယ်တော်သုတ်မူမည်၊
Verse 7
ညီတော်သစ္စာစောင့်၊ ကတိတော်မှန်ကန်ပေ၊
တည်ကြည်သစ္စာရှိသောသူသည်၊
ယေရှုနှင့်သန့်ရှင်းဖြစင်သောသူတို့တွေ၊
ဘုန်းတော်စိုးစံခွင့်ရလိမ့်မည်။
More Myanmar songs
- ကိုယ်တော်ရယ်ကောင်းမြတ်တယ်chords
- ဆာလံ ၂၃chords
- အထက်ကိုတက်သောမျက်ရည်chords
- ဧမာနွေလchords
- ငါသည်ဘုရားchords
- ရှူသွင်းတဲ့အသက်လေထက်chords
- အမှုသစ်ပြုပေးပြီchords
- တောင်ထိပ်၌လည်းchords
- ၂၁၉။ ယေရှုသက်ရှင်သောကြောင့်ကျူး
- ချီးမွမ်းဖွယ်နာမ
- ဆာလံ ၉၁ (ကတိတော်)chords
- အမွေစားအမွေခံ
- 60. သိုးထိန်းတော် မေတ္တာရှင် ဘုရင်ကျူး
- 297. ချီးမွမ်းသီချင်းကျူး
- 291. ချီးမွမ်းသီချင်းကျူး
- ၂၃၃။ ကိုယ်တော်မြတ်၌ဝမ်းမြောက်လော့ကျူး
- ၉ တမန် ၁၆း၂၅chords
- ၈၀။ ကိုယ်တော်မြတ်ကိုသာယုံကြည်ပါကျူး
- 22. ဘုန်းတော်ချီးကျူး
- 390. စဉ်မပြတ် ထွန်းတောက်ကျူး
- နိုးထသောနိုင်ငံ
- 62. ထာဝရဘုရားသည် အစဉ်ခိုလှုံရာ ဖြစ်တော်မူကြောင်း
- ၁၀၁။ ရှိသမျှအပ်မည်ကျူး
- 407. အံ့ဩဖွယ်ကျေးဇူးတော်