1. Songs

၂၁၇။ ယေရှုအားကိုးရန်လွန်သာချိုကျူး

Myanmar SDA Hymnal

Verse 1

ယေရှုအားကိုးရန်လွန်သာချို၊

ကိုးစားပြောသည့်အတိုင်းသာ၊

အားကိုးရာကတိတော်မြတ်ကို၊

သိစေရန်ကိုယ်တော်မိန့်မှာ။

Chorus 1

ယေရှု၊ ယေရှု၊ ဘယ်မျှကိုးစား၊

ကြိမ်ဖန်များစွာစမ်းခဲ့လာ၊

ယေရှု၊ ယေရှု၊ မြတ်ယေရှုအား၊

တိုးကိုးစားရန်သနားပါ။

Verse 2

ယေရှုကိုးရန်မည်မျှချိုလေ၊

စင်ကြယ်စေသွေးတော်ကိုသာ၊

ကျွန်ုပ်ယုံကြည်ခြင်းအားဖြစ်ပေ၊

နစ်မြုပ်သန့်ရှင်းဆေးကြောပါ။

Chorus 3

ယေရှု၊ ယေရှု၊ ဘယ်မျှကိုးစား၊

ကြိမ်ဖန်များစွာစမ်းခဲ့လာ၊

ယေရှု၊ ယေရှု၊ မြတ်ယေရှုအား၊

တိုးကိုးစားရန်သနားပါ။

Verse 4

ဟုတ်ပေယေရှုကိုးရန်ချိုသာ၊

အပြစ်မာနကင်းစင်သည်၊

အသက်နားခြင်းဝမ်းမြောက်ငြိမ်ရာ

ယေရှုထံတော်မှယူမည်။

Chorus 5

ယေရှု၊ ယေရှု၊ ဘယ်မျှကိုးစား၊

ကြိမ်ဖန်များစွာစမ်းခဲ့လာ၊

ယေရှု၊ ယေရှု၊ မြတ်ယေရှုအား၊

တိုးကိုးစားရန်သနားပါ။

Verse 6

ဖိုးထိုက်ယေရှုကယ်ရှင်မိတ်ဆွေ၊

ကိုးစားရ၍ဝမ်းမြောက်နေ၊

ကိုယ်တော်ငါနှင့်ရှိကြောင်းသိပေ၊

အဆုံးတိုင်အောင်ရှိပါလေ။

Chorus 7

ယေရှု၊ ယေရှု၊ ဘယ်မျှကိုးစား၊

ကြိမ်ဖန်များစွာစမ်းခဲ့လာ၊

ယေရှု၊ ယေရှု၊ မြတ်ယေရှုအား၊

တိုးကိုးစားရန်သနားပါ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs