1. Songs

294. ချစ်သနားယေရှုဘုရားကျူး

Myanmar Hymn

Verse 1

ချစ်သနား ယေရှုဘုရား ရင်တော်၌ မှီခိုပါစေ၊

ပြင်းစွာသော မုန်တိုင်းကျလာ၊ လှိုင်းတံပိုးထအားကြီးလေ။

ဤဘဝ မုန်တိုင်းလွန်အောင်၊ လက်တော်ဖြင့် ကွယ်ကာအုပ်ထား၊

ကောင်းကင်ဆိပ်တော်တွင်းတိုင်အောင်၊ ဘေးလွတ်မဲ့ ပို့ဆိုက်စေပါ။

Verse 1

ကိုးကွယ်ခိုရာခြားမမြင်၊ ကိုယ်တော်၌သာ မှီတွယ်ရာ၊

စွန့်ပယ်အိုမစွန့်ပယ်နှင့် ထောက်မအားပေးတော်မူပါ၊

ကိုယ်တော်ကိုသာ ကိုးစားလျှင်၊ ကိုယ်တော်ကို မျှော်လင့်နေရာ၊

ကိုယ်တော်၏ အတောင်တော်ဖြင့်၊ ကျွန်ုပ်ခေါင်းကို ဖုံးအုပ်ပါ။

Verse 2

အိုခရစ်လိုလေသမျှ ကိုယ်တော်၌ ကြွယ်ဝစွာရှိ၊

လဲသူချီ နွမ်းသူထောက်ရ၊ နာသူကန်းသူ ချမ်းသာ၏၊

ကိုယ်တော်ဖြောင့်မတ် သန့်ရှင်းသည်၊ ကျွန်ုပ်မှာ အပြစ်လျှင်သာ၊

ကျေးဇူးဂုဏ်တော် စုံလင်၏၊ ကျွန်ုပ်စက်ဆုပ်ရွံ့ဖွယ်သာ။

Verse 3

ကြွယ်ဝသော ကျေးဇူးတော်ဖြင့်၊ များစွာသော အပြစ်ဖြေရာ၊

မေတ္တာတော်ရေများစွာနှင့်၊ ဆေးကြောစင်ကြယ်စေမူပါ၊

ကိုယ်တော်သာ အသက်သခင်၊ ကိုယ်တော်က သက်ရေတိုက်ကျွေး၊

ကျွန်ုပ်စိတ်အတွင်း၌ပင်၊ ထာဝရ စမ်းရေပေါက်စေ။ အာမင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs