၁၉၄။ ကျွန်ုပ်နာမည်ရေးထားပြီလားကျူး
- Myanmar
- စာသား / Lyrics
- Key G#
- Hymn 194
Verse 1
ကြွယ်ဝခြင်းကိုမှုမထား၊ ရွှေငွေမတောင့်တပါ၊
ကောင်းကင်ကိုအလျင်ရှာမည်၊ သိုးခြံထဲသို့ဝင်မည်၊
နိုင်ငံတော်သက်စာစောင်တွင်၊ ကျွန်ုပ်၏နာမည်ပင်၊
ရေးမှတ်ထားလျက်ရှိပြီလား၊ ယေရှုရှင်ပြောကြားပါ။
Chorus 1
ကျွန်ုပ်၏နာမည်မှာ၊ နိုင်ငံသက်စာစောင်တွင်၊
ဖြူစင်လှစွာစာရွက်မှာ၊ ရေးသားလျက်ရှိပြီလား။
Verse 2
ကျွန်ုပ်အပြစ်များလှပါ၊ ပင်လယ်သဲလုံးပမာ၊
သို့သော်ကိုယ်တော်သွေးတော်သည်၊
ကျွန်ုပ်ဖို့လောက်ပေသည်၊ ကိုယ်တော်ရှင်မြတ်ပေးသနား၊
ကတိတော်လာသည်ကား၊ သင်၏အပြစ်နီသော်လည်း၊
မိုးပွင့်လိုဖြူစေမည်။
Chorus 3
ကျွန်ုပ်၏နာမည်မှာ၊ နိုင်ငံသက်စာစောင်တွင်၊
ဖြူစင်လှစွာစာရွက်မှာ၊ ရေးသားလျက်ရှိပြီလား။
Verse 4
တင့်တယ်သန့်ရှင်းမြို့တော်မှာ၊ အိမ်တော်ထွန်းလင်းလှပ၊
သန့်ရှင်းဘုန်းကြီးသောသူများ၊ ဝတ်လုံဖြူစင်ဝတ်ကြ၊
ထိုတင့်တယ်သောအရပ်မှာ၊ အန္တရာယ်မရှိသော၊
ကောင်းကင်သားများစောင့်နေရာ၊ နာမည်ရေးထားပြီလား။
Chorus 5
ကျွန်ုပ်၏နာမည်မှာ၊ နိုင်ငံသက်စာစောင်တွင်၊
ဖြူစင်လှစွာစာရွက်မှာ၊ ရေးသားလျက်ရှိပြီလား။
More Myanmar songs
- ကိုယ်တော်ရယ်ကောင်းမြတ်တယ်chords
- ဆာလံ ၂၃chords
- အထက်ကိုတက်သောမျက်ရည်chords
- ဧမာနွေလchords
- ငါသည်ဘုရားchords
- ရှူသွင်းတဲ့အသက်လေထက်chords
- အမှုသစ်ပြုပေးပြီchords
- တောင်ထိပ်၌လည်းchords
- ၈၇။ ယေရှုသိမ်မွေ့စွာခေါ်နေကျူး
- ၁၂၄။ အသွေးတော်မြတ်သာကျူး
- ၂၇၀။ ဘုန်းကြီးပါစေသောအရှင်ကျူး
- 55. ဂုဏ်တော်ကျူး
- 392. သာယာသော ပြည်ကျူး
- 369. သာ၍မြတ်သော ကောင်းကင်ရွှေပြည်ကျူး
- သခင့်ရဲ့ အနား
- 321. ကျွန်ုပ်အထက်၌ မြင့်သောကျောက်ကျူး
- အဖြူရောင် နှလုံးသား
- ၂၂၃။ ကျောက်ပေါ်မှာတည်ဆောက်မည်ကျူး
- 365. ဝန်ချကျူး
- ၂၄၉။ လှိုင်းကြီးယော်ဒန်ကမ်းတွင်ကျူး
- 47. တင့်တယ်လှပရှိသမျှကျူး
- 219. မိနစ်တိုင်း၊ မိနစ်တိုင်းကျူး
- ၇၀။ ထိုက်တန်၊ ထိုက်တန်သိုးသငယ်ကျူး
- 249. ယုံကြည်အားကိုးခြင်းကျူး