1. Songs

၇၉။ ကျမ်းစာမြတ်ပေးပါကျူး

Myanmar SDA Hymnal

Verse 1

ကျမ်းစာမြတ်ပေးပါ၊ ဝမ်းမြောက်ကြယ်လိုတောက်ပ၊

တစ်ကိုယ်တည်းလမ်းလွဲသူနှစ်သိမ့်စေရာ။

ပျောက်သူကယ်ရန်ယေရှုရှင်ကြွလာချိန်မှ၊

ထိုငြိမ်သက်လင်းမုန်တိုင်းမကွယ်နိုင်ပါ။

Chorus 1

ကျမ်းစာမြတ်ပေးပါသန့်ရှင်းသတင်းထွန်းရာ၊

ကျဉ်းမြောင်းလမ်းတွင်အလင်းတော်လမ်းပြသည်။

ကျင့်ဝတ်နှင့်ကတိ၊ ပညတ်မေတ္တာပေါင်းရာ၊

ညဉ့်သည်ထာဝရနေ့ဖြင့်ဖုံးအုပ်မည်။

Verse 2

ကျမ်းစာမြတ်ပေးပါ၊ ကျွန်ုပ်စိတ်ပျက်ချိန်မှာ၊

အပြစ်ဝမ်းနည်းခြင်းဖြင့်ကြောက်ရွံ့ကာလ။

ယေရှုဟောတရားအလျင်အမြန်ပေးပါ၊

ကိုယ်တော်အနီးရှိကြောင်းယုံကြည်မီးပြ။

Chorus 3

ကျမ်းစာမြတ်ပေးပါသန့်ရှင်းသတင်းထွန်းရာ၊

ကျဉ်းမြောင်းလမ်းတွင်အလင်းတော်လမ်းပြသည်။

ကျင့်ဝတ်နှင့်ကတိ၊ ပညတ်မေတ္တာပေါင်းရာ၊

ညဉ့်သည်ထာဝရနေ့ဖြင့်ဖုံးအုပ်မည်။

Verse 4

ကျမ်းစာမြတ်ပေးပါ၊ သွားရာလမ်း၌လင်းရာ၊

လောကရှိဘေးရန်ကိုပြသသွန်သင်။

ဘေးကင်းမီးတိုင်ကိုမှောင်၌လင်းစေမူပါ၊

ထိုအလင်းသာငြိမ်သက်လမ်းပြနိုင်ပင်။

Chorus 5

ကျမ်းစာမြတ်ပေးပါသန့်ရှင်းသတင်းထွန်းရာ၊

ကျဉ်းမြောင်းလမ်းတွင်အလင်းတော်လမ်းပြသည်။

ကျင့်ဝတ်နှင့်ကတိ၊ ပညတ်မေတ္တာပေါင်းရာ၊

ညဉ့်သည်ထာဝရနေ့ဖြင့်ဖုံးအုပ်မည်။

Verse 6

ကျမ်းစာမြတ်ပေးပါ၊ အသက်ဆီမီးဖြစ်ပေ၊

ထိုအလင်းကိုပွင့်သောသင်္ချိုင်းဖြင့်ပြ။

ထွန်းတောက်ကောင်းကင်တံခါးမှမီးရောင်ပြလေ၊

ယော်ဒန်လှိုင်းတွင်ဟပ်သောဘုန်းရောင်ခြည်ပြ။

Chorus 7

ကျမ်းစာမြတ်ပေးပါသန့်ရှင်းသတင်းထွန်းရာ၊

ကျဉ်းမြောင်းလမ်းတွင်အလင်းတော်လမ်းပြသည်။

ကျင့်ဝတ်နှင့်ကတိ၊ ပညတ်မေတ္တာပေါင်းရာ၊

ညဉ့်သည်ထာဝရနေ့ဖြင့်ဖုံးအုပ်မည်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs