1. Songs

263. မေတ္တာတော် အောက်မေ့ကျူး

Myanmar Hymn

Verse 1

အိုငါ့ဝိညာဉ်၊ နောက်နောင် မမေ့၊

သင့်ဒုက္ခများ ခံသော အဆွေ၊

တပ်မက်ခြင်းမျိုး ရှိရှိမေ့သင့်၊

ထိုဆွေတော်မြတ် မမေ့လျော့လင့်။

Verse 1

ကိုယ်ကောင်းမှုများ နောင်တနှင့်

စွန့် ထိုကယ်တင်ရှင်ထံတော်ခိုလှုံ၊

သင်၏ အတွက်အသက်တော်မြတ်

စွန့်သော သခင်မမေ့လျော့အပ်။

Verse 2

သမ္မာတရားနှင့် မေတ္တာစစ်၊

ထိုသူ၌တည် ကမ္ဘာဆက်ဆက်၊

သင်သည် အပြစ်နှင့် ပြည့်စုံသော်၊

ထိုသို့ သခင်ကို မေ့နိုင်လော။

Verse 3

မဟုတ် အသက်ရှင်လေ သမျှ၊

နာမတော်ကြား၍ စိတ်ဝမ်းသာ၊

သီချင်းဆိုလျက် ဘဝပြောင်းလျှင်

ရွှေပြည်တော်ထက်၊ ဆိုမည်အစဉ်။ အာမင်

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs