1. Songs

161. ကောင်းကင်ကျူး

Myanmar Hymn

Verse 1

နားထောင် ငါ့ဝိညာဉ် ကောင်းကင်သီချင်း သံများ၊

မြေပြင် စိမ်းလန်း၊ ပင်လယ်ကမ်းကျော်ကျူးသည်၊

ထိုသာယာသော မင်္ဂလာသီချင်းသံကား၊

ပြစ်ကင်းရာ ဘဝသစ်ကို ပြောသတည်း၊

Chorus 1

ယေရှုတမန်၊ အလင်းတမန်များ၊

သီချင်းသံဖြင့်၊ ညဉ့်ခရီးသည်များ ဖိတ်ကြား။

Verse 2

သီချင်းသံကြား၊ တိုးတက်လျက် ကျွန်ုပ်တို့သွား၊

ပင်ပန်းသူများ လာပါ၊ ယေရှုခေါ်သည်၊

သာယာသော ပဲ့တင်မစဲ၊ မှောင်မိုက်ထဲမှ

အိမ်သို့ညွန်သော တရားတော်သံပေတည်း။

Chorus 3

ယေရှုတမန်၊ အလင်းတမန်များ၊

သီချင်းသံဖြင့်၊ ညဉ့်ခရီးသည်များ ဖိတ်ကြား။

Verse 4

ဝေးသော ရပ်မှညဉီးယံ ခေါင်းလောင်းသံလို၊

ယေရှုသံတော်၊ မြေ၊ ပင်လင်ပေါ် ကျော်ကျူး၊

ထောင်သောင်းမက၊ ဝန်လေးလှသော သူတို့ကို၊

ရှင်သိုးထိန်း သွေးဆောင် ထံတော်သို့ ပို့မူ။

Chorus 5

ယေရှုတမန်၊ အလင်းတမန်များ၊

သီချင်းသံဖြင့်၊ ညဉ့်ခရီးသည်များ ဖိတ်ကြား။

Verse 6

ဤ ပစ္စုပ္ပန်၌ ငြီးငွေ့ရှည်လျားသော်လည်း၊

မှောင်မိုက်လွန်သွား ချမ်းသာနေ့ပေါ်လာရ၊

မောပန်းသူများ ခရီးကုန်ဆုံးသော ကာလ၊

ဝိညာဉ်စံရာ ရွှေပြည်တော်သို့ ဝင်မည်။

Chorus 7

ယေရှုတမန်၊ အလင်းတမန်များ၊

သီချင်းသံဖြင့်၊ ညဉ့်ခရီးသည်များ ဖိတ်ကြား။

Verse 8

သစ္စာစောင့်ထိန်း ရွှေကောင်းကင်သားများတို့လေ၊

ချိုသာလှ ကောင်းကင်သီချင်းဆိုဉီးကြ၊ ညဉ့်ငိုကြွေးသံ၊

နံနက်ဝမ်းမြောက်ခြင်း ဆုံးစေ၊ ရှည်လျားမှောင်ရိပ်၊

မေတ္တာတော်၌ လင်းရာ။

Chorus 9

ယေရှုတမန်၊ အလင်းတမန်များ၊

သီချင်းသံဖြင့်၊ ညဉ့်ခရီးသည်များ ဖိတ်ကြား။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs