1. Songs

300. ခရစ်ယာန်စစ်သည်တို့ချီကျူး

Myanmar Hymn

Verse 1

တက်ကြ ခရစ်ယာန်စစ်သည် တိုက်ဖို့ချီသည်နည်း၊

ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး၊

ရန်သူတွေ့အောင် ခရစ်တော် ကိုယ်တိုင်ကြွနှင့်၏၊

စစ်ပွဲထဲသို့ဝင်လော့၊ ထူအလံတော်ကြည့်။

Chorus 1

တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊

ယေရှုကားတိုင်ထမ်း၍ ရှေ့တက် စိတ်အားကြီး။

Verse 2

အောင်မြင်နိမိတ် မြင်၍ စာတန်လူဆုတ်ပြေး၊ တက်ကြခရစ်ယာန်စစ်သည်၊

အောင်ပွဲခံရလေ၊ ကြွေးကြော်သံကို ကြားသော်၊ စာတန်နိုင်ငံတုန်၊

ညီအစ်ကိုတို့ ဟစ်လော့ ကျယ်ကျယ် ချီးမွမ်းကုန်။

Chorus 3

တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊

ယေရှုကားတိုင်ထမ်း၍ ရှေ့တက် စိတ်အားကြီး။

Verse 4

အားကြီးဗိုလ်ပါများလို ခရစ်အသင်းတော်သား၊

ရှေးသန့်ရှင်းသူများတို့

ခြေရာလိုက်နေကြ၊ ကွဲပြားဝါဒကင်း၏၊ ကိုယ်တကိုယ်လျှင်သာ၊

တသမျှော်လင့်ခြင်းညီ၊ မေတ္တာစိတ်တပါး။

Chorus 5

တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊

ယေရှုကားတိုင်ထမ်း၍ ရှေ့တက် စိတ်အားကြီး။

Verse 6

စိုးမင်းအာဏာရွေ့သွား၊ တိုင်းပြည့်ပေါ်ပျောက်ချေ၊

ယေရှုနိုင်ငံတော်ကား၊

မြဲတည်နေရလေ၊ မာရ်ဆိုး၏ နိုင်ငံအောင်ခွင့်လျင်းမရ၊

ခရစ်တော်ကိုယ်တိုင် မိန့်သံမြဲ ကတိတော်ထား။

Chorus 7

တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊

ယေရှုကားတိုင်ထမ်း၍ ရှေ့တက် စိတ်အားကြီး။

Verse 8

ထို့ကြောင့်တက်လူမျိုးတွေ ငါတို့ဘောင်ဝင်စား၊

ညီညာသီချင်းဆိုလေ၊

အောင်မြင်ခွင့်ကျူးကြ၊ ခရစ်တော်သာ ဘုရင်ရှင် မင်းတကာပေါ်ထား၊

ကောင်းကင်မြေကြီး ပြိုင်လျှင် ချီးမွမ်းထောမနာ။

Chorus 9

တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊

ယေရှုကားတိုင်ထမ်း၍ ရှေ့တက် စိတ်အားကြီး။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs