1. Songs

ကိုယ်တွေ့

Sangpi

Verse 1

မနက်ဖြန်ကျရင် ဘာလုပ်မယ် ကိုယ့်စိတ်ကူးနဲ့ အစီအစဉ်ဆွဲ

အဲဒီမနက်ဖြန် တကယ်ရောက်ဖို့ မသေချာဘူးကွယ်

အသက်ငယ်သေးတယ် အချိန်ရှိတယ် တွေးနေမိရင် တကယ်မှားမယ်

ကိုယ်တိုင်မတွေးခဲ့ရင် ဆင်ခြင်မိနိုင်ဖို့ဝေးမယ်

Chorus 1

ကိုယ်တိုင်ကြုံမှသိတယ် ကိုယ်တိုင်မပိုင်တဲ့အသက်ရယ်

မသေချာမရေရာနိုင်ဘူး လူ့ဘဝဟာအခိုးအငွေ့ပါ

ဘယ်အချိန်ကြုံမလဲ မသိတယ် တချိန်ချိန်မှာတော့တွေ့မယ်

သေချာအဖြေတွေရှိထား အသင့်ဖြစ်စေချင်တယ်/

ကိုယ်တော်ရှင်က တို့အတွက်အဖြေပါပဲ

Verse 2

အလှပဆုံးဒီဘဝများလည်း ပန်းပွင့်လေးတွေလိုပါပဲ

ခဏတာလေးသာ ပွင့်လန်းပြီးကြွေရဦးမယ်

နေ့ရဲ့အလင်းတွေ ကုန်ဆုံးရင် ညအမှောင်ထုကိုကြုံရမယ်

ကိုယ်တိုင်မတွေးခဲ့ရင် ဆင်ခြင်မိနိုင်ဖို့ ဝေးမယ်

Chorus 3

ကိုယ်တိုင်ကြုံမှသိတယ် ကိုယ်တိုင်မပိုင်တဲ့အသက်ရယ်

မသေချာမရေရာနိုင်ဘူး လူ့ဘဝဟာအခိုးအငွေ့ပါ

ဘယ်အချိန်ကြုံမလဲ မသိတယ် တချိန်ချိန်မှာတော့တွေ့မယ်

သေချာအဖြေတွေရှိထား အသင့်ဖြစ်စေချင်တယ်/

ကိုယ်တော်ရှင်က တို့အတွက်အဖြေပါပဲ

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs