1. Songs

61. ဆာလံကျူး ၂၃

Myanmar Hymn

Verse 1

ငါ့သိုးထိန်းကား ဘုရားပေတည်း၊ စိမ်းလန်းအရပ်၌ အိပ်စေသည်၊

ငါ့နားမှာရှိ နေတော်မူ၍ အလိုပြည့်စုံခြင်းသို့ ရောက်စေ၊

မွန်းတည့်အချိန် ပို့ဆောင်မူပေ၊ သန်းခေါင်မှာလည်း ကွယ်ကာမူလေ။

Verse 1

ငါ့ဝိညာဉ်ကို အားပြည့်စေ၍ တရားလမ်း၌ သွေးဆောင်မူလေ၊

သေမင်းအရိပ် လွှမ်းမိုးသော ချိုင့်

လျှောက်ရသော်လည်း မကြောက်ရွံ့နိုင်၊

အကြောင်းမူကား ကိုယ်တော်မြတ်သည် ငါနှင့်အတူ ရှိတော်မူ၏။

Verse 2

လှံတံတော်နှင့် တောင်ဝှေးတော်သည် ငါ့ကို အစဉ်ချမ်းသာစေ၏၊

ရန်သူရှေ့မှာ စားပွဲခင်း၍ ငါ့ခေါင်းကို ဆီနှင့်လိမ်းမူပေ၊

ကျေးဇူးတော်ကို တသက်လုံးစံ အိမ်တော်မှာ မြဲနေမည်အမှန်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs