၆၄။ မြော်လျက်စောင့်နေသည်ကျူး
- Myanmar
- စာသား / Lyrics
- Key C
- Hymn 64
Verse 1
ကိုယ်တော်လာမည့်အချိန်မသိချေ၊
နံနက်ညနေသန်းခေါင်ဖြစ်မည်။
နေဝင်ဖျိုးဖျဖြစ်ကောင်းဖြစ်လိမ့်လေ၊
အရုဏ်တက်စဖြစ်ကောင်းဖြစ်မည်။
စောင့်နေ၍အသင့်ရှိရန်မိန့်ပြန်၊
ထိုမီးခွက်များမမှိန်စေရ။
ကြွလာသောခါကျွန်ုပ်တို့တွေ့ရန်၊
အားလုံးစောင့်လျက်မြော်လင့်နေကြ။
Chorus 1
မြော်လျက်စောင့်နေသည်၊
မြော်လျက်စောင့်နေသည်၊
မြော်လျက်စောင့်နေသည်၊
ကိုယ်တော်ကိုမြော်လျက်စောင့်နေသည်။
Verse 2
ဘုန်းတောက်သောဗိမာန်တို့ကိုစွန့်ကာ၊
ဆုံးရှုံးသူတွက်သေခံခြင်းငှါ။
ကယ်တင်တော်မူခြင်းအဖို့ဖြစ်သော၊
အံ့ဖွယ်မေတ္တာစဉ်းစားမိသော်။
ကယ်တင်ရန်သေခံသောကိုယ်တော်အား
ကြွလာခြင်းမြော်လင့်ဝမ်းမြောက်သင့်။
ကိုယ်တော်နှစ်သက်စေလိမ့်မည်တကား၊
ကိုယ်တော်မြတ်ကိုစောင့်လျက်မြော်လင့်။
Chorus 3
မြော်လျက်စောင့်နေသည်၊
မြော်လျက်စောင့်နေသည်၊
မြော်လျက်စောင့်နေသည်၊
ကိုယ်တော်ကိုမြော်လျက်စောင့်နေသည်။
Verse 4
အိုယေရှုချစ်မြတ်နိုးရွေးနုတ်ရှင်၊
ကိုယ်တော်ကိုဖူးရန်မြော်လင့်သည်။
ခေါ်ဖိတ်သောအသံတော်ကိုကြားချင်
နှစ်သက်ကြောင်းကိုကိုယ်တော်သိမည်။
တရားပိုင်ရှင်အဖြစ်ကြွမူလျှင်၊
ရှေ့တော်မှမည်သူပြေးနိုင်နည်း။
ချစ်မိတ်ဆွေအဖြစ်နှုတ်ဆက်လာလျှင်၊
ကိုယ်တော်ကိုစောင့်လျက်မြော်သတည်း။
Chorus 5
မြော်လျက်စောင့်နေသည်၊
မြော်လျက်စောင့်နေသည်၊
မြော်လျက်စောင့်နေသည်၊
ကိုယ်တော်ကိုမြော်လျက်စောင့်နေသည်။
More Myanmar songs
- ကိုယ်တော်ရယ်ကောင်းမြတ်တယ်chords
- ဆာလံ ၂၃chords
- အထက်ကိုတက်သောမျက်ရည်chords
- ဧမာနွေလchords
- ငါသည်ဘုရားchords
- ရှူသွင်းတဲ့အသက်လေထက်chords
- အမှုသစ်ပြုပေးပြီchords
- တောင်ထိပ်၌လည်းchords
- 309. သာ၍မြင့်သောကုန်းပေါ်မှာကျူး
- မမျှော်လင့်တဲ့ တစ်နေ့မှာ နေဝင်ခဲ့ရင်
- ၂၅၀။ ကယ်တင်ရှင်နောက်တော်လိုက်ပါမည်ကျူး
- သခင့်စကား
- အချစ်ဦးရဲ့အချစ်
- နိုးထသောနိုင်ငံ
- 72. ယေရှုလာတော်မူကျူး
- 170. ကျွန်ုပ်သည် မိတ်ဆွေတွေ့ပြီကျူး
- 69. ကင်းစောင့်ကျူး
- ၂၂၈။ ယေရှုသိုးထိန်းလိုလမ်းပြသည်ကျူး
- 191. စုဝေးခြင်းကျူး
- 319. လက်တော်နှင့်တို့ခြင်းကျူး
- 176. ကျွန်ုပ်ယုံပြီကျူး
- 359. ခရစ်တော်၌ အရှေ့အနောက်မရှိကျူး
- ၁၁၁။ လောကကိုယူယေရှုကိုပေးကျူး
- ၆၉။ တင့်တယ်လှသခင်ကျူး