1. Songs

နောင်တ

Dominic Din, Susanna Min

Verse 1

သခင်ရယ် ဒဏ်ရာတွေ ဖိစီးမှုအပြည့်နဲ့ ပြန်ခဲ့တယ်

ခွင့်လွှတ်ဖို့တောင်းပန်ရင်း

သခင်ရဲ့နှလုံးသား အသဲကိုနင်းလို့ချေသူ

Verse 1

သခင်ရယ် အရယ်တွေမပါ ငိုကြွေးမှုအတိနဲ့ ပြန်ခဲ့တယ်

ခွင့်လွှတ်ဖို့မဖြစ်ရင်လည်း

သခင်ရဲ့အပါး ခစားတဲ့ အနိမ့်ဆုံးသူဖြစ်

Verse 2

သခင်ရယ် ပျော်ရွှင်စရာ ဆိတ်သုံးလို့ အရှုံးနဲ့ ပြန်ခဲ့တယ်

မှားယွင်းခဲ့အပြစ်တွေအတွက်

သခင်ရဲ့အပါး တိုးရှိုးလို့ ရှိုက်လိုက်ချင်ရဲ့

Verse 3

သခင်ရယ် သိမ်ငယ်စွာ ညစ်နွမ်းမှုအတိပဲ

ကျန်တော့တယ် အပြစ်လွှတ်ဖို့ တောင်းပန်ရင်း

သခင်ရဲ့နှလုံးသား အသဲနဲ့အနီးဆုံး

Chorus 4

ရင်ခွင်ထဲမှာ တိုးဝှေ့ဖို့မဝံ့ပေမယ့် တစ်နေရာအရောက်မှာ

အရင်လိုနှစ်ဦးသား တွေ့ဆုံပြီး နာကျင်စေခဲ့ဖူးသူကို

ခွင့်လွှတ်ခြင်းအကြည့်တွေနဲ့ သိမ်မွေ့နူးညံ့စွာ ရင်ခွင်ထဲသို့

ပွေ့ဖက်ပြီး အရင်လိုမပြောင်းလဲ မေတ္တာတွေ

တစ်သွင်သွင်စီးလို့ စိမ့်ဝင်လာခဲ့ပြီ...

Verse 5

နောင်တ ရင်ပြင်မှာစိတ်တိုင်းကျ တစ်သိမ့်သိမ့် ရှိုက်ငြီးရင်း

ကြီးမားတဲ့မေတ္တာတရား အကြင်နာသမားရဲ့အေးရိပ်

တစ်ခေါက်ရောက်ရင်တော့

Verse 6

တစ်ချိန်က စေတနာကို တစ်ဇောက်ကန်း လမ်းလွှဲလို့ ဖယ်ခဲ့သူ

အားကြီးတဲ့သစ္စာနဲ့ သခင်ရဲ့နှလုံးသားတံခါးရဲ့

အနီးဆုံးတစ်နေရာ ဟိုး...

Chorus 7

ဒေါင့်မှာ နားစက်ခွင့်ပေးပါဦး ဒီလိုတိုးတိတ်စွာ

ရင်မှာတောင်းဆုပြုနေတုန်း နာကျင်စေခဲ့ဖူးသူကို

ခွင့်လွှတ်ခြင်းအကြည့်တွေနဲ့ သိမ်မွေ့နူးညံ့စွာ

ရင်ခွင်ထဲသို့ သိမ်းယူထား သခင်ရှိသော အရပ်ကအိပ်ကို

နောင်တနှလုံးသား အသစ်ယူဆောင်ခဲ့ပြီး...

Bridge 8

သခင့်ရဲ့မေတ္တာကို ဘာနဲ့မှမလဲနိုင်ဘူး No

တပြည်းဖြည်းနားလည်လာ ပိုပြီးတော့ သိပြင်လာခဲ့

သခင့်ရဲ့အချစ်တွေကို ဘာနဲ့မှမနှိုင်းတော့ဘူး

ဟိုး တစ်စိမ့်စိမ့် စီးဝင်လာ ဘယ်တော့မှ ပစွန့်ခွါတော့ဘူး...

Chorus 9

ရင်ခွင်ထဲမှာ တိုးဝှေ့ဖို့မဝံ့ပေမယ့် တစ်နေရာအရောက်မှာ

အရင်လိုနှစ်ဦးသား တွေ့ဆုံပြီး နာကျင်စေခဲ့ဖူးသူကို

ခွင့်လွှတ်ခြင်းအကြည့်တွေနဲ့ သိမ်မွေ့နူးညံ့စွာ ရင်ခွင်ထဲသို့

ပွေ့ဖက်ပြီး အရင်လိုမပြောင်းလဲ မေတ္တာတွေ

တစ်သွင်သွင်စီးလို့ စိမ့်ဝင်လာခဲ့ပြီ...

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs