1. Songs

52. ဘုန်းတော်ကျူး

Myanmar Hymn

Verse 1

ဘုန်းတော်အလွန် ကြီးမြတ်လှပါ၊ ဘုန်းတော်မြတ်သည် ခပ်သိမ်းအရာ၊

တောတောင် သမုဒ္ဒရာ၊ ရှိရှိ ဖန်ဆင်းပြုပြင်တော်မူမှန်၏။

Verse 1

ကျွန်ုပ်တို့သည် ဘုန်းတော်ကြီးမြတ်အား၊ ဆင်ခြင်အောက်မေ့

ကြံစည်သည်မှာ၊

မထိုက်မတန် အလွန်ယုတ်ညံ့ ဘုန်းတော်မြတ်ကို ခိုလှုံကုန်အံ့။

Verse 2

သွေးဆောင်ခေါ်ဖိတ် ရိပ်တော်သို့လေ၊ ကြည်ဖြူ ရွှင်လန်း

ဝမ်းမြောက်ခွင့်ပေ၊

ထံတော်ရင်းသို့ ချက်ချင်းဝင်သည်၊ ရွှေမျက်နှာကို ဖူးမြင်စေမည်။

Verse 3

ပြတော်မူပါ၊ မြတ်သော ယေရှု၊ ကျွန်ုပ်တို့သည် ရှေ့တော်၌ စု၊

နာမတော်ကို ချီးမွမ်းချင်ပါ၊ ကျွန်ုပ်တို့အား သနားကြွလာ။

Verse 4

မြတ်နာမကို လူမျိုးရှိရှိ၊ ရိုသေချစ်ခင်မြတ်နိုးရာ၏၊

ဘုန်းတော်မြတ်ကို ချီးကျူးလျက်သာ၊

ကိုယ်တော်ရင်သို့ ခိုလှုံဝင်လာ၊ (အာမင်)

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs