1. Songs

190. ပတ္တနာတော်ကျူး

Myanmar Hymn

အပိုဒ် 1

ကောင်းကင်ဘုံ၌ အိုအဘ၊ ကိုယ်တော်၏ နာမတော်အား

ရိုသေလေးမြတ်ခြင်းအများ ဖြစ်ပါလေစေသော၊

နိုင်ငံတော် တည်ထောင်ပါစေ၊ ကောင်းကင်ဘုံ ပြည့်စုံသည်နည်း၊

မြေကြီး၌ အလိုတော်သည် ပြည့်စုံပါစေသော။

အပိုဒ် 2

ကိုယ်အသက်မွေးလောက်တိုင်အောင် နေ့စဉ်သင့်မြတ် ကောင်းမွန်စွာ

စားအသောက် အသုံးအဆောင် ပေးသနားဘုရား၊

သူတပါးအပြစ်များကို ကျွန်ုပ်တို့ ဖြေလွှတ်သည်လို၊

ကျွန်ုပ်တို့အပြစ်များကို ဖြေလွှတ်တော်မူပါ။

အပိုဒ် 3

ဒုစရိုက် သွေးဆောင်ခြင်းသို့ စိတ်အလိုမစွဲဘဲ

ကိုယ်မှုမကောင်းမှ ကျွန်ုပ်တို့ ကယ်လွှတ်တော်မူပါ၊

ကိုယ်တော်ကောင်းမြတ်စွာ ဘုရားနိုင်ငံတော် တန်ခိုးအရာ

ဘုန်းအာနုဘော် ထာဝရ ကိုယ်တော်သာဆိုင်ရာ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs