1. Songs

၁၉၅။ ယေရှုခြေရင်းထိုင်နေစဉ်ခါကျူး

Myanmar SDA Hymnal

Verse 1

ယေရှုခြေရင်းထိုင်နေစဉ်ခါ၊ ဘယ်လိုစကားကြားသည်မှာ၊

ဝမ်းမြောက်ဖိုးထိုက်သောထိုနေရာ၊ နေ့စဉ်ကျွန်ုပ်တွေ့စေပါ၊

ယရှုခြေရင်း၌ထိုင်စဉ်မှာ၊ ရှေးအကြောင်းကျွန်ုပ်ကြည့်သည်၊

မေတ္တာတော်သည်ကျေးဇူးပြုရှာ၊ စိတ်ကိုဆုံး၌အောင်သတည်း။

Verse 1

ယေရှုခြေရင်းထိုင်နေစဉ်ခါ၊ သေသောသူမင်္ဂလာရ၊

အပြစ်ဝမ်းနည်းခြေတော်ရင်းမှာ၊ ပန်းသောခါနားဖို့တွေ့ရ၊

ယေရှုခြေရင်း၌ထိုင်စဉ်တွင်၊ ထိုမှာငို၍ဆုတောင်းချင်၊

ကိုယ်တော်၌ရှိမေတ္တာတော်သည်၊ ကျေးဇူးသာယာစဉ်ရမည်။

Verse 2

အိုကျွန်ုပ်ကိုကောင်းချီးပေးပါ၊ ခြေရင်းတော်၌စောင့်နေစဉ်၊

မေတ္တာတော်နှင့်ငုံ့၍ကြည့်ပါ၊ ချိုသောမျက်နှာမြင်လှချင်၊

ယေရှုသဘောမျိုးပေးပါရှင်၊ သန့်ရှင်းနည်းတူပြုပေးပါ၊

ကျွန်ုပ်ဖြောင့်မတ်ခြင်းကိုယ်တော်တွင်၊

ရှိကြောင်းကျွန်ုပ်သိစေပါ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs