1. Songs

149. ခေါ်ဖိတ်ခြင်းကျူး

Myanmar Hymn

Verse 1

လာချစ်စုံမက် မိတ်တွေများလေ၊ ခရစ်တော်ကို ယုံကြည်၊

ကယ်ချွတ်ဆယ်တင်နိုင်တော်မူပေ၊ အပြစ်ရှိရှိကယ်မည်။

Verse 1

ထိုသခင် ဘုရားရှင်သားပင်၊ ငါတို့အတွက် ခံပြီ၊

နောက်တဖန်သေမင်းကို အောင်လျှင်၊ ရွှေကောင်းကင်ဘုံတက်သည်။

Verse 2

ခုဘုရားရှင် လက်ယာဘက်မှာ၊ ငါတို့အမှုဆောင်နေ၊

လာ အပြစ်ရှိလူခပ်သိမ်းလာ၊ မေတ္တာနှင့် ခေါ်မူလေ။

Verse 3

အိုပင်ပန်းသောသူ အပေါင်းတို့၊ မဆိုင်းဘဲချဉ်းလာလေ၊

လာသောသူကို လျဉ်းမပယ်လို၊ ကတိတော်မြဲတည်ပေ။

Verse 4

လာပြီသူအသင်္ချေများပြီ၊ ကျေးဇူးတော်ခံစားနေ၊

သင်တို့လည်း ကယ်တင်တော်မူမည်၊ အိုလာကြ၊ လာကြလေ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs