1. Songs

104. အသွေးတော်ကျူး

Myanmar Hymn

Verse 1

အသွေးနှင့်ပြည့်သော တွင်းပွင့်ပြီ၊ ဧမာနွေလအသွေး၊

ထိုသွေးတော်၌ နစ်မြှပ်သူသည် အပြစ်နှင့်ကင်းစင်လေ၊

အပြစ်နှင့်ကင်းစင်လေ၊ အပြစ်နှင့်ကင်းစင်လေ၊

ထိုသွေးတော်၌ နစ်မြှပ်သူသည် အပြစ်နှင့်ကင်းစင်လေ။

Verse 1

တိုင်၌ဆွဲသော ဓါးပြသေစဉ်၊ ထိုတွင်းမြင်သော် ဝမ်းသာ၊

ငါပင်သူမျှ ဆိုးယုတ်သော်လည်း၊ အပြစ်မှကင်းရှင်းရာ၊

အပြစ်မှကင်းရှင်းရာ၊ အပြစ်မှကင်းရှင်းရာ၊

ငါပင်သူမျှ ဆိုးယုတ်သော်လည်း၊ အပြစ်မှကင်းရှင်းရာ။

Verse 2

သတ်ခြင်းခံသော အိုသိုးငယ်မြတ်၊ သွေးတော်တန်ခိုးမြဲတည်၊

ရွေးတော်အသင်း လုံးစုံအချွတ်၊ အပြစ်ဖြေရှင်းတတ်၏၊

အပြစ်ဖြေရှင်းတတ်၏၊ အပြစ်ဖြေရှင်းတတ်၏၊

ရွေးတော်အသင်း လုံးစုံအချွတ်၊ အပြစ်ဖြေရှင်းတတ်၏။

Verse 3

ဒဏ်ရာတော်က အသွေးစီးယို၊ ကျွန်ုပ်မြင်စမှသည်၊

ရွေးနုတ်မေတ္တာတော်သီချင်းဆို၊ သေခြင်းတိုင်အောင်ဆိုမည်၊

သေခြင်းတိုင်အောင်ဆိုမည်၊ သေခြင်းတိုင်အောင်ဆိုမည်၊

ရွေးနုတ်မေတ္တာတော် သီချင်းဆို၊ သေခြင်းတိုင်အောင်ဆိုမည်။

Verse 4

ထိုနောက် ဤလေးဆွံ့အသောလျှာ၊ သင်္ချိုင်းတွင် တိတ်သော်လည်း၊

ကယ်တင်တန်ခိုး ဂုဏ်တော်အများ၊ မြင့်ကောင်းကင်၌ဆိုမည်၊

မြင့်ကောင်းကင်၌ဆိုမည်၊ မြင့်ကောင်းကင်၌ဆိုမည်၊

ကယ်တင်တန်ခိုး ဂုဏ်တော်အများ၊ မြင့်ကောင်းကင်၌ဆိုမည်။

Verse 5

သားတော်ယေရှု ကိုယ်တော်ရှင်မြတ်၊ မထိုက်သော ကျွန်ုပ်အား၊

သွေးတော်နှင့်ဝယ် ရွှေဆောင်းဆုလာဘ်၊ ပေးတော်မူမည်ယုံပါ၊

ပေးတော်မူမည်ယုံပါ၊ ပေးတော်မူမည်ယုံပါ၊

သွေးတော်နှင့်ဝယ် ရွှေစောင်းဆုလာဘ်၊ ပေးတော်မူမည်ယုံပါ၊

Verse 6

ထိုစောင်း ခမည်းတော်နားတော်မှာ၊ နှစ်စဉ်အဆုံးမရှိ၊

ကိုယ်တော်နာမကို တီးလိုငှါ၊ တန်ခိုးတော်ပင်ညှိ၏၊

တန်ခိုးတော်ပင်ညှိ၏၊ တန်ခိုးတော်ပင်ညှိ၏၊

ကိုယ်တော်နာမကို တီးလိုငှါ၊ တန်ခိုးတော်ပင်ညှိ၏၊

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs