1. Songs

၂၅၇။ သွေးဆောင်လျှင်မပါနှင့်ကျူး

Myanmar SDA Hymnal

Verse 1

သွေးဆောင်လျှင်မပါနှင့်၊ ပါလျှင်အပြစ်ပေ၊

သင်တစ်ခါအောင်သဖြင့်၊ နောက်တစ်ခါအောင်ပေ။

ရဲရင့်စွာတိုးတက်လေ၊ တပ်မက်ခြင်းချုပ်ရာ၊

ယေရှုကိုစဉ်ကြည့်ပေ၊ သင့်ဆုံးတိုင်ပို့မှာ။

Chorus 1

နှစ်သိမ့်အားပေးတည်ကြည်ရန်၊

ကယ်တင်ရှင်ထံဆုတောင်းပါ၊

ကိုယ်တော်လိုတော်မစရန်၊

သင့်ကိုဆုံးတိုင်ပို့မှာ။

Verse 2

မကောင်းမိတ်ရှောင်ရှားလေ၊

စကားယုတ်ရွံရှာ၊ ဘုရားနာမရိုသေ၊

မုသားမသုံးရာ၊ သတိစိတ်အားကြီးစွာ၊

သစ္စာရှိစိတ်ရှည်၊ ယေရှုကိုစဉ်ကြည့်ပါ၊

သင့်ဆုံးတိုင်ပို့မှာ။

Chorus 3

နှစ်သိမ့်အားပေးတည်ကြည်ရန်၊

ကယ်တင်ရှင်ထံဆုတောင်းပါ၊

ကိုယ်တော်လိုတော်မစရန်၊

သင့်ကိုဆုံးတိုင်ပို့မှာ။

Verse 4

အောင်မြင်လေသောသူကို သရဖူပေးမည်၊

ယုံခြင်းဖြင့်အောင်မြင်လို၊ မကြာရှုံးသော်လည်း၊

ကျွန်ုပ်တို့အရှင်သာ၊ အားအသစ်ပေးမည်၊

ယေရှုကိုစဉ်ကြည့်ပါ၊ သင့်ဆုံးတိုင်ပို့မှာ။

Chorus 5

နှစ်သိမ့်အားပေးတည်ကြည်ရန်၊

ကယ်တင်ရှင်ထံဆုတောင်းပါ၊

ကိုယ်တော်လိုတော်မစရန်၊

သင့်ကိုဆုံးတိုင်ပို့မှာ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs