1. Songs

၂၁၂။ ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်ကျူး

Myanmar SDA Hymnal

Verse 1

ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ဘယ်တောင့်တရန်ရှိသနည်း၊

ငါ့ကိုလမ်းပြတော်မူရှင်အား၊ ယုံမှားခြင်းရှိရမည်လား၊

ဤဘဝအသက်ရှင်သည်တွင်၊ စုံစမ်းခြင်းမျိုးမျိုးတို့ပင်၊

ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ၊

ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ။

Verse 1

ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ထောက်မအားပေးလျက်နှင့်ပင်၊

စုံစမ်းခြင်းကိုခံနိုင်ဖို့ရာ၊ ကျွေးတော်မူအသက်မုန့်မှာ၊

ခွန်အားပြည့်လျက်မောပန်းခြင်းကင်း၊

သောက်လျက်နေသက်စမ်းရေတွင်း၊

ပလ္လင်တော်ရှေ့မှထွက်စီးလေ၊ ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ၊

ပလ္လင်တော်ရှေ့မှထွက်စီးလေ၊ ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ။

Verse 2

ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ကိုယ်တော်ချစ်ခြင်းအံ့ဖွယ်တည်း၊

ထက်အဖအိမ်တော်တွင်ငြိမ်းစွာ၊ နေစိမ့်ငှာကတိတော်ထား၊

ထာဝရရှင်ခြင်းသို့နိုးလျက်၊ ထွန်းတောက်ကောင်းကင်သို့ပျံတက်၊

ထိုအခါစဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကိုလမ်းပြပြီ၊

ထိုအခါစဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကိုလမ်းပြပြီ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs