1. Songs

၁၀၈။ မိုးပွင့်ထက်သာဖြူစင်စေကျူး

Myanmar SDA Hymnal

Verse 1

ယေရှုရှင်အကျွန်ုပ်သည်သန့်ရှင်းလိုပါ၊

ကျွန်ုပ်၏ဝိညာဉ်အတွင်းကိန်းအောင်းမူပါ၊

ရန်သူမျိုးမျိုးနှင့်ကာဆီးရာများပယ်ရှား၊

ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။

Chorus 1

မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊

ဆေးကြောလျှင်ဖြူမည်

မှန်ပါမိုးပွင့်ထက်သာ။

Verse 2

ယေရှုရှင်မစင်ကြယ်ခြင်းကင်းစင်အလျှင်း၊

သွေးတော်မြတ်ဖြင့်ဆေးကြောလျှင်ပြစ်မျိုးကင်းရှင်း။

စွန့်ပစ်မည်မှုများစင်ကြယ်ခြင်းရစိမ့်ငှါ၊

ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။

Chorus 3

မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊

ဆေးကြောလျှင်ဖြူမည်

မှန်ပါမိုးပွင့်ထက်သာ။

Verse 4

ယေရှုရှင်ကိုယ်တော်ကိုသာတောင်းပန်လိုပါ၊

စောင့်နေမည်ကိုယ်တော်မြတ်၏ခြေတော်ရင်းမှာ။

ယုံခြင်းဖြင့်သွန်းသွေးတော်ကျွန်ုပ်မြင်ရပါ၊

ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။

Chorus 5

မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊

ဆေးကြောလျှင်ဖြူမည်

မှန်ပါမိုးပွင့်ထက်သာ။

Verse 6

သည်းခံလျက်စောင့်နေခြင်းကိုယ်တော်မြတ်မြင်ပေ၊

သစ်သဘောကျွန်ုပ်အတွင်းြုပပြင်သွင်းပေး။

ကိုယ်တော်ကိုရှာသူအားမငြင်းမပယ်ရှား၊

ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။

Chorus 7

မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊

ဆေးကြောလျှင်ဖြူမည်

မှန်ပါမိုးပွင့်ထက်သာ။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs