သမီးချော့တေး
- Myanmar
- စာသား / Lyrics
Verse 1
လူ့ဘဝကြီးအစပြုမယ့်မနက်ခင်း
အပြုံးတွေနဲ့ သမီးလေးကိုပွေ့ကာကြို
နိုင်းယှဉ်စရာမရှိ မေတ္တာတွေနဲ့
ငိုသံတောင် နားဝင်ချိုတေးတစ်ပုဒ်လို
Verse 1
စကားတွေလည်း ပြောတတ်စ တီတီတာ
အလှပဆုံး သမီးမျက်နှာ ရှု မငြီးပါ
ဘဝမှာအပျော်ဆုံး အချစ်တွေပုံလို့
သမီးချော့တေး အိုအိုအေး ညည်းဆိုကာ…
Chorus 2
( ဒီချိန် ) တစ်လောကလုံး သမီးလေးကြောင့် လှနေပြီ
မောပန်းသမျှ သမီးလေးကြောင့် အမောပြေ
ချိုသာ အပြုံးလေးနဲ့ သမီးမျက်နှာ
အဖေ့အတွက်တော့ အလှဆုံးသောတေးကဗျာ
ရောင်စုံပန်းခင်းထဲ အလှပဆုံးပန်းတစ်ပွင့်
အများကျိူးအတွက်ထမ်းပိုးမယ့် သမီးအဖြစ်
ရေလိုအေးမြပြီး ပန်းလေးလို သမီးလေးဘဝအမြဲတမ်းမွှေးပျံ့စေ…
Verse 3
အားမငယ်နဲ့ လူ့ဘဝဇာတ်ခုံအထက်
ဘုရားကိုအမြဲ အားကိုးပါသမီးငယ်
စမ်းရေလိုစီး မေတ္တာတွေနဲ့
ပျော်ပါစေ အစဉ်ဆုတောင်းပေးတယ်
Verse 4
ဘဝမှာအပျော်ဆုံး အချစ်တွေပုံလို့
သမီးချော့တေး အိုအိုအေး ညည်းဆိုကာ…
Chorus 5
( ဒီချိန် ) တစ်လောကလုံး သမီးလေးကြောင့် လှနေပြီ
မောပန်းသမျှ သမီးလေးကြောင့် အမောပြေ
ချိုသာ အပြုံးလေးနဲ့ သမီးမျက်နှာ
အဖေ့အတွက်တော့ အလှဆုံးသောတေးကဗျာ
ရောင်စုံပန်းခင်းထဲ အလှပဆုံးပန်းတစ်ပွင့်
အများကျိူးအတွက်ထမ်းပိုးမယ့် သမီးအဖြစ်
ရေလိုအေးမြပြီး ပန်းလေးလို သမီးလေးဘဝအမြဲတမ်းမွှေးပျံ့စေ…
ရေလိုအေးမြပြီး ပန်းလေးလို သမီးလေးဘဝအမြဲတမ်းမွှေးပျံ့စေ…
More Myanmar songs
- ကိုယ်တော်ရယ်ကောင်းမြတ်တယ်chords
- ဆာလံ ၂၃chords
- အထက်ကိုတက်သောမျက်ရည်chords
- ဧမာနွေလchords
- ငါသည်ဘုရားchords
- ရှူသွင်းတဲ့အသက်လေထက်chords
- အမှုသစ်ပြုပေးပြီchords
- တောင်ထိပ်၌လည်းchords
- ယုံကြည်ခြင်းတစ်ခု
- ၁၀ ချီးမွမ်းတတ်ပါစေ (၁)chords
- သခင်သည်အလိုရှိတယ်
- 151. ယေရှုကို ကြည့်ပါကျူး
- ၁၉၆။ ကိုယ်တော်နားသို့ဆွဲယူပါကျူး
- ၁၀၆။ ကျွန်ုပ်၌ကိန်းဝပ်ပါကျူး
- 385. ကောင်းကင်ခေါင်းလောင်းကျူး
- ထွက်ပေါက်
- 313. ဖြောင့်မတ်မည်ကျူး
- ချီးမွမ်းဖွယ်နာမ
- ကိုယ်တွေ့
- 126. ကျွန်ုပ်တို့အလယ်၌ ယေရှုရပ်နေတော်မူခြင်းကျူး
- 309. သာ၍မြင့်သောကုန်းပေါ်မှာကျူး
- ၁၁၉။ နေ့ရက်တိုင်းနာရီတိုင်းကျူး
- အနှိုင်းမဲ့သောယေရှုchords
- ၁၉၀။ စိတ်နှလုံးတွင်နံနက်တည်းကျူး