1. Songs

341. ပွဲတော်ကျူး

Myanmar Hymn

Verse 1

ရှင်ယေရှုသေခံခါနီး၊ တပည့်တို့ကို မိန့်မှာ၏၊

ငါ့ကိုကား အောက်မေ့ဖို့ရာ၊ ငါ့ပွဲတော်ကို စောင့်ကုန်ပါ။

Verse 1

ဤလူ့ပြည်မှာလူကိုယ်စား ငါခံရ၊ ဆင်းရဲဒုက္ခ၊

အောက်မေ့ဖို့ စားသောက်အပ်သော ပွဲတော်ကို ခံကုန်ကြလော့။

Verse 2

ပွဲတော်၏ အဓိပ္ပါယ်ကား၊ ဖဲ့သောမုန့် ငါ၏ အသား၊

သွန်းလောင်းသော စပျစ်ရည်လည်း၊ ငါ့အသွေးဆိုလိုသတည်း။

Verse 3

ငါစွန့်သော အသွေးအသား၊ စားသောက်သောမူ မည်သည်ကား၊

ပြစ်ငရဲကင်းလွတ်လိမ့်မည်၊ ကောင်းကင်ဘုံ ဝင်ထိုက်ပေ၏။

Verse 4

ရှင်ယေရှု လူတို့အတွက် စွန့်တော်မူမိမိ အသက်၊

ဤသည်ကား ချီးမွမ်းမမှီ၊ ကျေးဇူးတော် ကြီးလှပေ၏။

Verse 5

ရှင်ယေရှု ကျွန်ုပ်တို့သည် ပွဲတော်ကြောင့် ဝမ်းသာပါ၏၊

ကျေးဇူးတော်ကို အောက်မေ့သော်၊ ရောက်ချင်လှ၊ ဘုရားထံတော်။

အာမင်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs