1. Songs

281. ဇိအုန်တောင်ကျူး

Myanmar Hymn

Verse 1

ဘုရားဂုဏ်ကို ခိုလှုံသောသူ၊ တုန်လှုပ်ခြင်းလျဉ်းမရှိ၊

အမြဲတည်သော ဇိအုန်တောင်လို၊ အစဉ်လျှင်ဖြစ်ကြ၏၊

အစဉ်လျှင်ဖြစ်ကြ၏။

Verse 1

ယေရုရှလင်မြို့တော် ဝန်းကျင် တောင်ရိုးများ ဝိုင်းသည်လို၊

မြတ်ကျေးဇူးတော်လည်း ထိုအတူ အမြဲစောင့်မသည်ကို၊

အမြဲစောင့်မသည်ကို။

Verse 2

အတုန်အလှုပ်၊ နာအိုသေဘေးမရှိရ၊ ကွယ်ပျောက်ကင်း၊

နေပူအလင်း အမွတ်အသိမ် မခံရအေးမြခြင်း၊ မခံရအေးမြခြင်း။

Verse 3

ထွန်းလင်းတောက်သော မြတ်ဘုန်းတော် ရောင်ရှုလျက် မဝမအီ၊

ပြည်ရွှေဘုံတော်မြတ် မြိုက်ရည်ကို သောက်လျက်နှင့်

စိတ်ရွှင်ကြည်၊ သောက်လျက်နှင့် စိတ်ရွှင်ကြည်။

Verse 4

မြတ်ဂုဏ်တော်ကို မပြတ်အစဉ် အထူးလျှင် ချီးမွမ်းဆို၊

မျက်နှာအလင်း အရောင်တော်ကို ဖူးမြင်လျက် သီချင်းဆို၊

ဖူးမြင်လျက် သီချင်းဆို။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs